www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 22, 2019

မိုင်းပန်မြို့နယ်၊ ပန်ပိကျေးရွာနှင့် နောင်ချိုကျေးရွာတို့မှ နေရပ်စွန့်ခွာလာသော ဒေသခံ တိုင်းရင်းသားပြည်သူများအား ပြန်လည် ပို့ဆောင်ပေး

မိုင်းပန်မြို့နယ်၊ ပန်ပိကျေးရွာနှင့် နောင်ချိုကျေးရွာတို့မှ နေရပ်စွန့်ခွာလာသော ဒေသခံ တိုင်းရင်းသားပြည်သူများအား ပြန်လည် ပို့ဆောင်ပေး
-
နေပြည်တော် ဇန်နဝါရီ  ၂၁ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းပန်မြို့နယ်၊ပန်ပိဒေသအတွင်း ၂ဝ၁၈ ခုနှစ်၊အောက်တိုဘာမှစ၍ RCSS/SSA အဖွဲ့နှင့် PNLO အဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး RCSS/SSA  အဖွဲ့က ဒေသခံ တိုင်းရင်းသား ပြည်သူများအား လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းနှင့် ဆက်သွယ်ရေးလမ်းကြောင်းများအား မိုင်းထောင်ဖောက်ခွဲခြင်းများပြုလုပ်နေသည့် အတွက် ဒေသခံတိုင်းရင်းသားပြည်သူများမှာ ၎င်းတို့၏ နေရပ်အားစွန့်ခွာ၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်လာကြသည်။ 
-
နောင်ချိုကျေးရွာနှင့် ပန်ပိကျေးရွာတို့မှ ပအို့ဝ်လူမျိုး အမျိုးသား ၁၈ ဦးနှင့် ဆရာမ များ အပါအဝင် အမျိုးသမီး ၂၂ ဦးတို့သည် လင်းခေးမြို့သို့ ဇန်နဝါရီ ၆ ရက်တွင် လည်းကောင်း၊ သံဃာတော်နှစ်ပါး၊ ရှင်သာမဏေ ၁၉ ပါး၊ အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး နှစ်ဦးတို့သည် ဇန်နဝါရီ ၇ ရက်တွင် နောင်ချို- ပန်တဝိ-မအွန်လောင်း လမ်းကြောင်းအတိုင်း လည်းကောင်းထွက်ခွာလာခဲ့သဖြင့် နယ်မြေခံတပ်မှ တာဝန်ရှိသူများက တပ်မတော်မော်တော် ယာဉ်များဖြင့် ကူညီခေါ်ဆောင်ပြီး လင်းခေးမြို့၊ ပုန်းထွန်ရပ်ကွက်ရှိ ဝါဆိုဘုန်း တော်ကြီးကျောင်း၌ ခေတ္တတည်းခို နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ 
-
ထို့ပြင် ဇန်နဝါရီ ၃ ရက်နှင့် ၉ ရက်တို့တွင် ပန်ပိကျေးရွာမှ ပအို့ဝ်လူမျိုး ရှင်သာမဏေ ခုနစ်ပါး၊ အမျိုးသား ၁၂၈ ဦးနှင့် အမျိုးသမီး ၁၈ဝ ဦးတို့သည် သံလွင်မြစ်အား ဖြတ်ကူး၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တပ်ဖာလိုင်-ခမ်းပါ ဒေသရှိ နောင်ပါလျန်ကျေးရွာသို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း သိရသဖြင့် မိုင်းတုံ တပ်နယ်မှ တာဝန်ရှိသူများက ဇန်နဝါရီ ၁၇ ရက်တွင် တပ်မတော်မော်တော်ယာဉ် ၁၂ စီးဖြင့် ကူညီခေါ်ဆောင်၍ မိုင်းပန်မြို့နယ် တာဆန်းကျေးရွာရှိ နယ်မြေခံတပ်ရင်း၌ ခေတ္တ တည်းခိုနေထိုင်စေပြီး နယ်မြေခံ တပ်နယ်များမှ တာဝန်ရှိသူများနှင့် လင်းခေးမြို့နယ်၊ ဌာန ဆိုင်ရာအဖွဲ့များ၊ဒေသခံပြည်သူများက လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
အဆိုပါနေရပ်စွန့်ခွာတိုင်းရင်းသားပြည်သူများအနေဖြင့် နေရပ်အသီးသီးသို့ ပြန်လည် နေထိုင်လိုသော ဆန္ဒများကြောင့် လင်းခေးမြို့၊ ပုန်းထွန်ရပ်ကွက်ရှိ ဝါဆိုဘုန်းတော်ကြီး ကျောင်း၌ခေတ္တတည်းခိုနေသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား ဇန်နဝါရီ ၁၄ ရက်တွင်လည်း ကောင်း၊ တာဆန်းကျေးရွာ နယ်မြေခံတပ်ရင်း ၌ရောက်ရှိနေသည့် နေရပ်စွန့်ခွာဒေသခံ တိုင်းရင်းသား ပြည်သူများအား ဇန်နဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် လည်းကောင်း၊ တပ်မတော် မော်တော်ယာဉ်များ၊ အရပ်ဘက်မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာကျေးရွာများသို့ အသီးသီးပြန်လည် ပို့ဆောင်ပေးခဲ့သည်။ 
-
တပ်မတော်အနေဖြင့် အဆိုပါဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသခံတိုင်းရင်း သားပြည်သူများ လုံခြုံမှုရှိစေရေးတို့ အတွက် လိုအပ်သည့် ကူညီစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger