-
နေပြည်တော် ဇန်နဝါရီ ၂၈
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းစံမြို့ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်း သား၊ ကျောင်းသူများနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က ဗုဒ္ဓစိတ္တိမြို့လယ် ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၃၉၆ ဦး တို့ကို အစာအိမ်ရောဂါ၊ တုပ်ကွေးရောဂါ၊ အဆုတ်ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူများအား အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်းများ ဆောင်ရွက်ပေးကာ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်သက်၍ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment