www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 30, 2019

လန်ချန်း- မဲခေါင်ဒေသ တွင်းရှိ အနုပညာရှင် လူငယ်များ ရိုးရာ ပန်းချီ ရေးဆွဲခြင်းနှင့် လက်မှုပညာ အရုပ်များ ဖန်တီး ပြုလုပ်ခြင်း အစီအစဉ်များဆောင်ရွက်

လန်ချန်း- မဲခေါင်ဒေသ တွင်းရှိ အနုပညာရှင် လူငယ်များ ရိုးရာ ပန်းချီ ရေးဆွဲခြင်းနှင့်  လက်မှုပညာ အရုပ်များ ဖန်တီး ပြုလုပ်ခြင်း အစီအစဉ်များဆောင်ရွက်
-
မန္တလေး   ဇန်နဝါရီ   ၂၉ 
-
မန္တလေးမြို့၌ ဇန်နဝါရီ ၂၇ ရက်မှ ၃၁ ရက် အထိ ကျင်းပလျက်ရှိသည့် လန်ချန်း - မဲခေါင်ဒေသတွင်းရှိ အနု ပညာရှင် လူငယ်များတွေ့ဆုံပွဲ သို့ရောက်ရှိနေကြသည့် ဒေသတွင်း အဖွဲ့ဝင်ခြောက်နိုင်ငံမှအနုပညာရှင် လူငယ်များသည်ယနေ့တွင် ရိုးရာပန်းချီရေးဆွဲခြင်း၊  လက်မှုပညာ အရုပ်များဖန်တီးပြုလုပ်ခြင်းနှင့်  အမျိုး သား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)သို့ သွားရောက် လေ့လာခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။ 
-
အဆိုပါ အနုပညာရှင် လူငယ်များအဖွဲ့သည် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့သို့ သွားရောက်ကာ အမျိုးသား ကန်တော်ကြီး ဥယျာဉ်အတွင်း  ရိုးရာပန်းချီရေးဆွဲခြင်း၊ လက်မှုပညာအရုပ်များဖန်တီးပြုလုပ်ခြင်းနှင့်   စုပေါင်း သီချင်း  ရေးသား စပ်ဆိုကာ  အက လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြပြီး ပိတ်ချင်းမြောင် ရေတံခွန်ကိုလည်း သွားရောက် လေ့လာကြသည်။ 
-
ညနေပိုင်းတွင် လူငယ်အနုပညာရှင်များ အဖွဲ့သည် မန္တလေးမြို့ရှိ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) သို့ သွားရောက်လေ့လာရာ တက္ကသိုလ်နှင့် ပတ်သက်၍ ပါမောက္ခချုပ် ဒေါ်ခင်ကြည်ပြာက ရှင်းလင်း ပြောကြားသည်။ 
-
ထို့နောက် လူငယ်အနုပညာရှင်များ အဖွဲ့သည် အနုပညာ တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှု လေ့လာကာ အမှတ်တရ သစ်ပင်စိုက်ပျိုး ကြသည်။ ညပိုင်းတွင် လန်ချန်း-မဲခေါင်ဒေသတွင်းရှိ အနုပညာရှင် လူငယ်များသည်  မန္တလေးမြို့ရှိ ကန်တော်ကြီးဥယျာဉ်တွင် မီးပုံးပျံလွှတ်တင်ခြင်းနှင့်  ရိုးရာကစားနည်း အစီအစဉ်များကို ပျော်ရွှင်စွာ ဆောင်ရွက်ခဲ့ကြကြောင်း   သိရသည်။
-
မင်းထက်အောင် (မန်းကိုယ်ပွား) 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger