-
နေပြည်တော် ဇန်နဝါရီ ၉
-
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ထိုင်း ဘုရင့်လေတပ် ဦးစီးချုပ် Air Chief Mar- shal Chaiyapruk Didyasarin နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်မှ ပြန်လည်ထွက်ခွာရာ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ တပ်မတော်(လေ)မှအရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ စစ်သံမှူးများက ပို့ဆောင်နှုတ်ဆက်ကြသည်။
-
အဆိုပါ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် အတွင်း ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ ဗိုလ်တထောင်စေတီတော်များသို့ သွားရောက် ဖူးမြော်၍ အလှူငွေများ ပေးအပ်လှူဒါန်းပြီး မင်းဓမ္မကုန်းမြေရှိ ရတနာဆင်ဖြူတော်အား သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment