www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 2, 2019

၂ဝ၁၈ ခုနှစ်တွင် ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ အများဆုံး လာရောက် လည်ပတ်ခဲ့ပြီး ၂ဝ၁၉ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာနိုင်

၂ဝ၁၈ ခုနှစ်တွင် ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ အများဆုံး လာရောက် လည်ပတ်ခဲ့ပြီး ၂ဝ၁၉ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာနိုင်
-
ရန်ကုန်  ဇန်နဝါရီ   ၁ 
-
၂ဝ၁၈ ခုနှစ်က အနောက်နိုင်ငံမှ ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်မှုမှာ သာမန်ထက် ၃၅ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီး အာရှဒေသတွင်း နိုင်ငံများမှ  ခရီးသွားများ လာရောက်မှုမှာ ပုံမှန်အတိုင်း ရှိနေကြောင်း၊ အာရှဒေသတွင်း နိုင်ငံများအနက်  ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ   လာရောက်မှုအများဆုံး ဖြစ်ခဲ့ကြောင်း  ဟိုတယ်နှင့်ခရီး သွားလာရေး ဝန်ကြီးဌာနမှ သိရသည်။ 
-
၂ဝ၁၉ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသား ခရီးသွား ဧည့်သည်များ ပိုမိုဝင်ရောက် လာနိုင်သော အခြေအနေမျိုးရှိကြောင်း ခရီးသွားလုပ်ငန်း ဝန်ဆောင်မှု  ကုမ္ပဏီဖြစ်သည့်  Global Asia Myanmar ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးကျော်ဘုန်းနိုင် ကပြောသည်။ ''လာရောက်တာ များပြားတတ်တဲ့ အခြေအနေပေါ်မူတည်ပြီးတော့ သူတို့ရဲ့ အလေ့ အထနဲ့ ကိုက်ညီအောင်ပြင်ဆင်ရင်း ဧည့်သည်တွေရဲ့ နှစ်သက်အားပေးမှုတွေကို ရရှိစေနိုင်သလို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုစေမှာဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း တာဝန်ရှိသူတစ်ဦး ကပြောသည်။ 
-
ထို့ပြင် အမေရိကန်နိုင်ငံ၏ အကြီးဆုံး ခရီးသွားလုပ်ငန်းဖြစ်သည့် ASTA နှင့်မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းတို့သည်  ဇန်နဝါရီ ၁၃ ရက်တွင် နားလည်မှု စာချွန်လွှာ (MoU)  လက်မှတ်ရေးထိုးရန် ရှိနေပြီး ယင်းအတွက်ကြောင့်   အမေရိကန် နိုင်ငံသားခရီးသွား ဧည့်သည်များ    ပိုမို လာရောက်နိုင်မည့် အခြေအနေမျိုး ဖြစ်စေကြောင်း သိရသည်။ ''ဈေးကွက်ကတော့ တော်တော်လေးနှေး နေသေးတယ်။ တခြားနိုင်ငံတွေကိုလည်းသွားပြီးတော့  ပရိုမိုးရှင်းတွေ လုပ်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ဒီကိုလာမယ့် ခရီးသည်တွေကိုလည်း သူတို့နိုင်ငံ ကအေးဂျင့်တွေက ဘယ်နေရာကို သွားသင့်တယ်၊ မသွား သင့်ဘူးဆိုတာမျိုး ရှိတယ်။ အဲဒီမှာပါ ပရိုမိုးရှင်း ကောင်းကောင်းလုပ်နိုင်ရင် အများ ကြီးအကျိုးရှိမှာပါ။ လောလောဆယ် ဂျာမန်၊ စပိန်နဲ့ ပြင်သစ်တွေတော့ လာဖို့ အခြေအနေ ပိုကောင်းနေတယ်'' ဟု  ဧည့်လမ်းညွှန်  ဒေါ်အေးအေးခိုင် ကပြောသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger