www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 3, 2019

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ် တို့ကို ဆက်သွယ်ထားသည့် ကမာကြည်တံတားအမှတ် (၂) ကို ဖေဖော်ဝါရီ ပထမပတ်တွင် ဖွင့်လှစ်ရန် လျာထား

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ် တို့ကို ဆက်သွယ်ထားသည့် ကမာကြည်တံတားအမှတ် (၂) ကို ဖေဖော်ဝါရီ ပထမပတ်တွင် ဖွင့်လှစ်ရန် လျာထား
-
ရန်ကုန်    ဇန်နဝါရီ   ၂ 
-
ရန်ကုန်တိုင်းဒေသကြီး    ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နှင့်   သင်္ဃန်းကျွန်း မြို့နယ်တို့ကို ဆက်သွယ်ထားသည့်  ကမာကြည်တံတား အမှတ် (၂) ကို ဖေဖော်ဝါရီ ပထမပတ်တွင်    ဖွင့်လှစ်ရန် လျာထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအင်ဂျင်နီယာ ဌာန  (လမ်းနှင့်တံတား)  တာဝန်ရှိသူတစ်ဦးထံမှ  သိရသည်။ 
-
အဆိုပါတံတားကို သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့ဦးစေတီအနီးနှင့်   ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ မိုးကုတ်လမ်းကို ချဉ်းကပ်ကာ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ  ၁၅  ရက်မှစ၍ မြတ်နိုးသူဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်ခဲ့ပြီး  လက်ရှိ  တံတားတည်ဆောက်မှုမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ ''တံတားဆောက်လုပ်မှု တစ်ခုလုံးပြီးစီးရင်တော့   ဒဂုံမြို့သစ်(တောင်ပိုင်း)  မြို့နယ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်ကို ဆက်သွယ်သွားလာလို့ရပါပြီ။   အခုလိုတံတား တည်ဆောက်ခြင်းအားဖြင့် အများပြည်သူ သွားလာတဲ့ လမ်းတွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ အထိုက်အလျောက် လျော့နည်းသွားမယ်'' ဟု ၎င်းက ပြောသည်။ 
-
အဆိုပါတံတားမှာ   သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး  တံတားအကျယ်  ၁၁ဒသမ ၅ မီတာရှိကာ နှစ်လမ်းသွားဖြစ်ကြောင်းသိရသည်။ တံတားအရှည်မှာ ၂၅၈ မီတာရှည်ပြီး  ငွေကျပ် ၅ ဒသမ ၈  ဘီလီယံ အကုန်အကျခံကာ တည်ဆောက်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger