-
နေပြည်တော် ဇန်နဝါရီ ၂
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ ပန်ဝိုးလျန်ကျေးရွာနေ မောင်အိုက်စင်သည် ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် ညနေ ၄ နာရီခန့်တွင် ၎င်း၏တောင်ယာတဲအနီး၌ တွေ့ရှိသော လက်ပစ်ဗုံး အဟောင်းတစ်လုံးအားသံတုံးဟု ထင်မှတ်၍ ကောက်ယူလွှင့်ပစ်ရာမှ မြေပြင်ရှိ ကျောက်တုံးဖြင့် ထိမှန်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။ အဆိုပါ မိုင်းစထိမှန် လူနာအား လားရှိုးပြည်သူ့ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူလျက် ရှိကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment