www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 2, 2019

(၂၂) ကြိမ်မြောက် ငွေကျပ် ၅ဝဝ တန် အောင်ဘာလေထီ ဖွင့်လှစ်


(၂၂) ကြိမ်မြောက် ငွေကျပ် ၅ဝဝ တန် အောင်ဘာလေထီ ဖွင့်လှစ်
-
ရန်ကုန်   ဇန်နဝါရီ   ၁ 
-
(၂၂)ကြိမ်မြောက် ငွေကျပ် ၅ဝဝ တန် အောင်ဘာလေထီ ဖွင့်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းနှင့် ၃၇ လမ်းထောင့်ရှိ အမှတ်(၃၈၄) အောင်ဘာလေ သိန်းဆုဌာနခွဲ ထီဖွင့်ပွဲ ခန်းမဆောင်၌ ကျင်းပရာ အထူးဆုကြီးဖြစ်သော ငွေကျပ် သိန်းတစ်သောင်းဆု င-၈၂ဝ၁၃၆ ထွက်ပေါ်ခဲ့သည်။ 
-
ဦးစွာ ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင်က အဖွင့်အမှာစကား ပြောကြားပြီး ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၊  ထီဆိုင်ပိုင်ရှင်များနှင့်  ပြည်သူများက ထီဖွင့်ပွဲတွင် အသုံးပြုမည့် စည်များ၊ နံပါတ်ဂေါ်လီလုံးများ၊ အက္ခရာများကို ထီဖွင့်ပွဲ တာဝန်ခံ၏ ရှေ့မှောက်တွင် စစ်ဆေးကြသည်။ 
-
အထူးဆုကြီးစနစ်မှ   ငွေကျပ်  သိန်းတစ်သောင်းဆု တစ်ဆု၊ ငွေကျပ် သိန်း ငါးထောင်ဆု နှစ်ဆု၊ ငွေကျပ် သိန်းသုံးထောင် ဆု သုံးဆု၊ ငွေကျပ် သိန်းတစ်ထောင်ဆု ငါးဆုနှင့် ဆုတစ်ဆုချင်းစနစ်မှ ငွေကျပ် သိန်း ငါးရာ၊ ငွေကျပ် သိန်း သုံးရာ၊ ငွေကျပ် သိန်း တစ်ရာ၊ ငွေကျပ် သိန်း ၅ဝ၊ ငွေကျပ် သိန်း ၃ဝ၊ ငွေကျပ် ၁ဝ သိန်းနှင့်  ဝေဝေဆာဆာပဒေသာ ဆုမဲများဖြစ်သည့် ငွေကျပ် သုံးသိန်း၊  ငွေကျပ်  နှစ်သိန်း၊  ငွေကျပ် တစ်သိန်း၊ ငွေကျပ် ငါးသောင်းဆုမဲများကို ဖွင့်လှစ်ပေးခဲ့သည်။ 
-
ထီဖွင့်ပွဲတွင်  ''က'' အက္ခရာမှ  ''အ'' အက္ခရာ၊ ''ကက'' အက္ခရာမှ  ''ကဓ''  အက္ခရာ အထိ စုစုပေါင်း အက္ခရာအလုံးရေ ၅၂ လုံး၊ ထီစာအုပ်ပေါင်း ၄၁၇၂၇၁၈ အုပ်ကို ထီထိုးသူများ ကံစမ်းနိုင်ရန် ထုတ်ဝေရောင်းချရာ ကုန်စင်အောင် ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။ 
-
ထီလက်မှတ်စာအုပ် ရောင်းရငွေပေါင်း မှာ ငွေကျပ် သန်းပေါင်း ၂ဝ၈၆၃ ဒသမ ၅၉ဝ ဖြစ်ပြီး ရောင်းရငွေ၏ ၆ဝ ရာခိုင်နှုန်းကို ထီဆုငွေအဖြစ် ခွဲဝေပေးမည့် ငွေပေါင်းမှာ ငွေကျပ် ၁၂၅၁၈ ဒသမ ၁၅၄ သန်း ဖြစ်ကြောင်းသိရသည်။ 
-
အဆိုပါထီဖွင့်ပွဲတွင် ဆုမဲပေါင်း ၁၃၅၄၄ဝကို  ဖွင့်လှစ်ပေးခဲ့ပြီး   ထီဖွင့်ပွဲ တစ်ကြိမ် အတွင်း  စနစ်တစ်ခုခုတွင်  ဆုတစ်ခုခု ရရှိပြီးသော   ထီလက်မှတ်တစ်စောင်သည် နောက်ထပ်ဆုမဲ ထပ်မံ ပေါ်ထွက်လာပါက ဆွတ်ခူးသည့် ဆုအားလုံးကိုခံစားခွင့်ရှိကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger