www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 26, 2018

ဇလုံတောင် ခမိုးယာဉ်ရပ်နားစခန်းနှင့် အပန်းဖြေစခန်းဖွင့်ပွဲကျင်းပ

ဇလုံတောင် ခမိုးယာဉ်ရပ်နား စခန်းနှင့် အပန်းဖြေစခန်း ဖွင့်ပွဲ ကျင်းပ
-
ဗန်းမောက်  ဒီဇင်ဘာ ၂၅ 
-
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် နောင်မဲ့လုံအုပ်စု ခမိုးကျေးရွာ၌  TERRAIN GROUP  OF Co.,Ltd..  က တာဝန်ယူတည်ဆောက်ခဲ့သော ခမိုးယာဉ် ရပ်နားစခန်းနှင့်   အပန်းဖြေ စခန်းဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၁ဝ နာရီ တွင် ကျင်းပသည်။ 
-
အဆိုပါ အခမ်းအနားကို မန္တလေးတိုင်း ဒေသကြီး တိုင်းသံဃနာယက ဥက္ကဋ္ဌ ဇလုံတောင် သာသနာပြု ကမ္မဋ္ဌာန ဓမ္မ စရိယ အဂ္ဂ မဟာပဏ္ဍိတ ဘဒ္ဒန္တ ဦးဝိဇယ၊ ဗန်းမောက်မြို့ နယ် သံဃနာယက ဥက္ကဋ္ဌ  မဟာ ဂန္ထဝါစက ဆရာတော် ဘဒ္ဒန္တ ဦးဝိစိတ္တ၊ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။ 
-
ထို့နောက် စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး TERRAIN  GROUP OF Co.,Ltd.မှ အကြံပေး ဒါရိုက်တာ  ဒေါက်တာ ဦးအောင်သူရက ဖွင့်ပွဲကျင်းပရခြင်း နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြား သည်။ ယင်းနောက် တက်ရောက် လာကြသူများအား အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(မန္တလေး)မှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ရိုးရာ ယဉ်ကျေးမှု အကများနှင့် တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြကြောင်းသိရသည်။                          
-
နီတိုး
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger