www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 17, 2018

ကျောင်းအခြေပြု လူထု စုပေါင်းစက်ဘီးစီး နင်းပွဲ ကျင်းပ

ကျောင်းအခြေပြု လူထု စုပေါင်းစက်ဘီးစီး နင်းပွဲ ကျင်းပ
-
တောင်ကြီး  ဒီဇင်ဘာ  ၁၆ 
-
၂ဝ၁၈ ခုနှစ်  ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင်  ကျောင်းအခြေပြုလူထုစုပေါင်းစက်ဘီးစီးနင်းပွဲကို ယနေ့နံနက်ပိုင်း တွင် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ  ဗိုလ်ချုပ်ပန်းခြံရှေ့၌ ကျင်းပသည်။ ရှေးဦးစွာ စက်ဘီးစီးနင်းပွဲကို   ရှမ်းပြည် နယ် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးသည်။ ထို့နောက်  စက်ဘီးစီးအဖွဲ့ဝင်များက  ဗိုလ်ချုပ်ပန်းခြံရှေ့မှ  ဗိုလ်ချုပ်လမ်းမကြီး အတိုင်း မင်္ဂလာဦးရပ်ကွက်  မြင်းစီးရုပ်မှ တစ်ဆင့် အရှေ့မြို့ပတ်လမ်းအတိုင်း စီးနင်း ကြပြီး ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ ၌ပန်းဝင်ကြသည်။
-
ဆက်လက်၍ အားကစားရုံရှေ့၌ စက်ဘီး ကလပ်အဖွဲ့ ခေါင်းဆောင်တစ်ဦးက မျိုးဆက် သစ်စက်ဘီး အားကစား သမားများအား စက် ဘီးစီးနင်းခြင်းနှင့်အမောခံနိုင်အောင် စက်ဘီး စီးနင်းပုံတို့ကို လက်တွေ့ သရုပ်ပြသည်။ ''အခုလို အစိုးရအဖွဲ့တွေနဲ့အားကစား ဌာနတွေပူးပေါင်းပြီး စက်ဘီးစီးပွဲလေးတွေ  ပြုလုပ်ပေးတော့ ကောင်းတာပေါ့။   ကလေး တွေလည်း စောစောထတဲ့အကျင့်ရတယ်။  အားကစားကိုလည်း ဝါသနာပါတော့ ကျန်းမာ ရေးလည်းကောင်းတယ် ''ဟု အဆိုပါပွဲတွင် ပါဝင်ဆင်နွှဲသည့် ဆဋ္ဌမတန်းကျောင်းသား၏  မိခင်တစ်ဦးက ပြောသည်။  
-
စက်ဘီးစီးနင်းပွဲသို့ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန  ဒုတိယ ညွှန်ကြားရေးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊   ရှမ်းပြည်နယ် စက်ဘီးကလပ် အဖွဲ့မှအဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနနှင့် အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် စက်ဘီး ဝါသနာရှင်များ စုစုပေါင်းအင်အား ၃ဝ ကျော်ပါဝင်စီးနင်းကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger