www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 7, 2018

မစ္စတာ နီကိုလေးအိုစ် ကေမန်နကေ့စ်အား မြန်မာနိုင်ငံ ဆိုင်ရာ ဟယ်လင်းနစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူ

-
နေပြည်တော် ဒီဇင်ဘာ ၇ 
-
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် မစ္စတာ နီကိုလေးအိုစ် ကေမန်နကေ့စ်အား ဗန်ကောက်မြို့ အခြေစိုက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဟယ်လင်းနစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည်။ မစ္စတာ နီကိုလေးအိုစ် ကေမန်နကေ့စ်အား ၁၉၅၅ ခုနှစ်တွင်မွေးဖွားခဲ့ပြီး နိုင်ငံရေး သိပ္ပံဘွဲ့ကို အီတလီနိုင်ငံ တူရင်တက္ကသိုလ်မှ ၁၉၇၈ ခုနှစ်တွင် ရရှိခဲ့သည်။ 
-
၁၉၈၉ ခုနှစ်တွင် ဂရိနိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ဝင်ရောက်ခဲ့ပြီး ဦးစီးဌာနအသီးသီးနှင့် ကနေဒါ၊ ပေါ်တူဂီနှင့် ဂျော်ဂျီယာနိုင်ငံတို့ရှိ ဂရိနိုင်ငံ သံရုံးများတွင် ရာထူးတာဝန် အဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် မွန်တီနီဂရိုးနိုင်ငံ ပေါ့ဂိုရီကာမြို့တွင် ဂရိနိုင်ငံကောင်စစ်ဝန်ချုပ် အဖြစ် ၂ဝဝ၆ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဂရိသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိအချိန်တွင် ထိုင်းနိုင်ငံဆိုင်ရာ ဂရိ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger