-
ရန်ကုန် ဒီဇင်ဘာ ၁၆
-
ဂျပန်နိုင်ငံသို့ လာမည့် နှစ်ဆန်းပိုင်းတွင် မြန်မာအလုပ်သမားများ စေလွှတ်နိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (Myanmar Overseas Employment Agencies Federation-MOEAF) ဥက္ကဋ္ဌ ဦးပီတာညွန့်မောင်ထံမှ သိရသည်။ ဂျပန် နိုင်ငံသို့ အလုပ်သမား စေလွှတ်မှုကို ဂျပန်နိုင်ငံရှိ ဝန်ကြီးဌာနသုံးခုနှင့် မြန်မာနိုင်ငံရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနတို့ ပူးပေါင်းပြီး ၂၀၁၈ခုနှစ် မတ်လအတွင်းက စတင် စာချုပ်ချုပ်ဆိုပြီးဖြစ်ကာ လတ်တလောတွင် ဂျပန်နိုင်ငံရှိသက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းများအတွက် လျှောက်လွှာတင်ထားသူဦးရေ ၁၀၀၀န်းကျင်အထိ ရှိနေပြီဖြစ်သည်။
-
သွားရောက်လုပ်ကိုင်သူများအနေဖြင့် သက်ကြီးရွယ်အို စောင့်ရှောက်မှု အတတ်ပညာ အတွေ့အကြုံ ထိုက်သင့်သ လောက် ရရှိမည်ြဖစ်သော်လည်း ဂျပန်ဘာသာစကား တတ်မြောက်သူကို ဦးစားပေးခေါ်ယမူည်ြဖစ် သည်။ ထို့ပြင် လက်ရှိတွင် ဂျပန်နိုင်ငံ၌ရှိသည့် စက်ပစ္စည်းစက်ရုံ၊ အထည်ချုပ်စက်ရုံ၊ စားသောက်ကုန်လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ ၌ အများဆုံးလုပ်ကိုင်နေကြပြီး လာမည့်နှစ် ဧပြီလအတွင်း စား သောက် ဆိုင်၊ ဟိုတယ် စသည့်အမျိုးအစား ၁၄ မျိုး ကို ထပ်တိုးခေါ်ယူရန် ပြင်ဆင်လျက်ရှိ သည်။
-
မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ တရားဝင် အေဂျင်စီများက ဝန်ဆောင်ခအဖြစ် အမေရိကန်ဒေါ်လာ ၂၈ဝဝ ကောက်ခံ လျက်ရှိပြီး ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင် ပါက အမေရိကန်ဒေါ်လာ၂၈ဝဝ ပေးသွင်းရန် အစိုးရက တရားဝင် သတ်မှတ်ထား ကြောင်း၊ ဂျပန်နိုင်ငံ၌ လုပ်ခလစာရရှိမှုမှာ နေရာဒေသအလိုက် ကွဲပြားမှုရှိပြီး ငွေကျပ် ၁၅ သိန်းမှ သိန်း၂ဝ ကျော်အထိ ရရှိနိုင်ကြောင်းသိရသည်။
-
နေနေ
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment