www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 28, 2018

ဒဂုံတက္ကသိုလ်သုတေသန စာတမ်းဖတ်ပွဲနှင့် ပိုစတာပြပွဲကျင်းပ

ဒဂုံတက္ကသိုလ်သုတေသန စာတမ်းဖတ်ပွဲနှင့် ပိုစတာပြပွဲကျင်းပ
-
ရန်ကုန် ဒီဇင်ဘာ ၂၇   
-
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံ(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ်၏ (၂၅)နှစ်ပြည့် ငွေရတု အထိမ်းအမှတ် သုတေသန စာတမ်းဖတ်ပွဲနှင့် ပိုစတာပြိုင်ပွဲကို ယနေ့တွင် အဆိုပါ တက္ကသိုလ် ရှိ ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။ 
-
ရှေးဦးစွာ ဒဂုံတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ဒေါ်နေသွယ်ကြည် က အဖွင့်အမှာ စကားပြောကြားပြီး စာတမ်းဖတ်ပွဲကို ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ အခန်း သုံးခန်းခွဲ၍ တစ်ပြိုင်တည်း ကျင်းပသည်။ ယင်းနောက် စာတမ်းဖတ်ပွဲတွင် မြန်မာနိုင်ငံတစ်ဝန်း တက္ကသိုလ်ပေါင်း ၄၈ ခုရှိ ဝိဇ္ဇာ၊ သိပံ္ပ ဘာသာရပ်ပေါင်းစုံမှ စာတမ်း ၁ဝ၇ စောင်နှင့် ပိုစတာ ၁၉ ခု ဖတ်ကြားပြသသည်။ 
-
ဆက်လက်၍ ဒဂုံတက္ကသိုလ်၌ တာဝန် ထမ်းဆောင်ခဲ့ကြသော အငြိမ်းစား ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ် ဆရာ၊ ဆရာမကြီးများအား ပူဇော်ကန်တော့ရာ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ နုနုရီနှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များက ကန်တော့ခံ ပစ္စည်းများဖြင့် ပူဇော်ကန်တော့ ကြသည်။
-
ထို့နောက် ချယ်ရီလမ်းရှိ 90 Kid's in Dagon ပွဲနှင့် ဒဂုံတက္ကသိုလ် အနုပညာ အသင်းမှ ကြီးမှူးကျင်းပသော ငွေရတု အထိမ်းအမှတ် ဂီတပဒေသာ စင်တင်ဂီတ ဖျော်ဖြေပွဲ ကျင်းပသည်။   အလားတူ သိပံ္ပပြပွဲ၊သင်ရိုး အထောက်အကူပြုပြပွဲ၊ ဈေးရောင်းပွဲ၊ တိုင်းရင်းသား ရိုးရာအစား အစာ ရောင်းချပွဲနှင့် အမှတ်တရ ပစ္စည်းရောင်းချပွဲများကိုလည်း ဆက်လက်ကျင်းပကြောင်းသိရသည်။ 
-
ခင်မောင်တင်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger