www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 28, 2018

ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်

ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်
-
သရက် ဒီဇင်ဘာ ၂၇ 
-
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင် ရွက်သော ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့တွင်  သရက်မြို့နယ် အထွေ ထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ 
-
ရှေးဦးစွာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က  အဖွင့်အမှာ စကား ပြောကြားပြီး မြို့နယ် အုပ်ချုပ်ရေးမှူးက ကျေးရွာ ဖွံ့ဖြိုးရေး  စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့်  ဦးစားပေး လုပ်ငန်းများ ရွေးချယ်ရာတွင် ကျေးရွာအတွက် ရေရှည် အကျိုး ရှိမည့် လုပ်ငန်းများ ကိုသာ  ရွေးချယ်ရန် လိုကြောင်း   ရှင်းလင်းပြောကြားသည်။ 
-
ထို့နောက် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်က  ကျေးရွာနေပြည်သူများအနေဖြင့် ကျေးရွာတွင်  ကျေးရွာဖွံ့ဖြိုး ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် စေလိုကြောင်း ပြောကြားပြီး  မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာန ဦးစီးမှူးက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများ နှင့်စပ်လျဉ်း၍   ရှင်းလင်း ပြောကြားသည်။
-
ယင်းနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ကျေးရွာ ဖွံ့ဖြိုးရေး ရန်ပုံငွေများကို တစ်ရွာလျှင် ငွေကျပ်သိန်း ၁ဝဝ နှုန်းဖြင့် ပက်မခန်းကျေးရွာ၊  ရွာသစ်ကြီးကျေးရွာ၊ ဘန့်ပြင်ကျေးရွာ၊ မကျီးရုံ ကျေးရွာ၊ ဖောင်းကတော ကျေးရွာနှင့် သာစည်ခုံ ကျေးရွာတို့မှ  ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း အဖွဲ့ဝင်များအား အသီးသီး ပေးအပ်ကြသည်။ ဆက်လက်၍ ကျေးရွာ အားလုံး၏ ကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခွင့် ရရှိသည့်အတွက် ကျေးဇူးတင် စကားပြန်လည် ပြောကြားကြောင်း သိရသည်။ 
-
ဇော်ထက် (သရက်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger