www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 10, 2018

ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (၂၄)ကြိမ်မြောက် ရဲချုပ်တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနား တက်ရောက်

ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (၂၄)ကြိမ်မြောက် ရဲချုပ်တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနား တက်ရောက်
-
ရန်ကုန် ဒီဇင်ဘာ ၉
-
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ (၂၄)ကြိမ်မြောက် ရဲချုပ်တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် နယ်မြေခံတပ်ရှိ သေနတ်ပစ်ကွင်း ၌ ကျင်းပသည်။
-
အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက အမှာစကား ပြောကြားပြီး ဗိုလ်လုပွဲ ပစ်ခတ်စဉ်သုံးခုကို ကြည့်ရှုအားပေးသည်။
-
ထို့နောက် ဆုပေးပွဲ အခမ်းအနားကို ဆက်လက် ကျင်းပရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် နှင့်ဇနီး၊ အရာရှိကြီးများနှင့် ဇနီးများက ၉ မမပစ္စတို (အမျိုးသမီး)ပစ်ခတ်စဉ်ဆု၊ BA 94 (အမျိုးသမီး) ပစ်ခတ်စဉ်ဆု၊ ၉ မမပစ္စတို (အမျိုးသား)ပစ်ခတ်စဉ်ဆု၊ BA 94 (အမျိုးသား) ပစ်ခတ်စဉ်ဆု၊ BA 64 (အမျိုးသား) ပစ်ခတ် စဉ်ဆု၊ BA 63 မောပန်း(အမျိုးသား) ပစ်ခတ် စဉ်ဆု၊ အကောင်းဆုံး သေနတ်သမား (အမျိုးသား/ အမျိုး သမီး) ဆု၊ တတိယဆု၊ ဒုတိယဆု နှင့် အသင်းလိုက် တံခွန်စိုက်(တတိယ၊ ဒုတိယ၊ ပထမ)ဆုများကို ပေးအပ် ကြသည်။
-
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ၂ဝ၁၈ခုနှစ် (၂၄) ကြိမ်မြောက် ရဲ ချုပ် တံခွန်စိုက်ဒိုင်း သေနတ်ပစ် ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်း ဆုရ သတင်း ရဲတပ်ဖွဲ့ကိုတံခွန်စိုက်ဒိုင်းနှင့် ဆုများ ပေးအပ်ခဲ့ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger