www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 4, 2018

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက် လအလိုက် အရောင်းအဝယ် ပြန်လည် မြင့်တက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက် လအလိုက် အရောင်းအဝယ် ပြန်လည် မြင့်တက်လာ
-
ရန်ကုန်  ဒီဇင်ဘာ  ၃ 
-
ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်သည် လအလိုက် အရောင်းအဝယ် ပြန်လည်မြင့်တက်လာကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ သိရသည်။
-
ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက် အနေဖြင့် ပြီးခဲ့သည့် တန်ဆောင်တိုင်ပွဲတော် ကာလ အများပြည်သူ ရုံးပိတ်ရက်များကြောင့် အရောင်းအဝယ် နည်းပါးမှုရှိခဲ့သော်လည်း ယခုရက်သတ္တပတ် အတွင်း အရောင်းအဝယ် ပြန်လည်မြင့်တက်လာသည်။နိုဝင်ဘာလ အတွင်းက ငွေကျပ်  ၉၂၃၁ သိန်းကျော်  အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်စတော့ အိတ်ချိန်းစတင်စဉ်က လအလိုက် အရောင်းအဝယ် ဖြစ်မှုသည် ငွေကျပ် ၂ ဘီလီယံ အထက်တွင် ရှိခဲ့သည်။ ၂ဝ၁၇ ခုနှစ်တွင်   ငွေကျပ် ၁ ဘီလီယံအထက်သာ  အရောင်းအဝယ် ဖြစ်သည်အထိ ပြန်လည် ကျဆင်းခဲ့သည်။
-
ယခုနှစ်တွင်  ငွေကျပ် ၁ ဘီလီယံအထိ အရောင်းအဝယ်ဖြစ်မှုများတွင် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ၊ ဇူလိုင်နှင့် သြဂုတ်လတို့တွင်သာ ရှိခဲ့ပြီး ကျန်လများတွင် ငွေကျပ် ၁ ဘီလီယံ အောက်သာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
-
ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်၌ နိုဝင်ဘာလအတွင်း အရောင်းအဝယ်ဖြစ်မှု သည်  အောက်တိုဘာလတွင် ငွေကျပ်သိန်း ၇၈ဝဝ ကျော်ထက် အရောင်းအဝယ်ဖြစ်မှု ပိုမိုရရှိခဲ့ကြောင်း၊ အရောင်းအဝယ် ပိုမိုဖြစ်ထွန်းစေရန် စတော့အိတ်ချိန်းဝင် ကုမ္ပဏီများက  အမြတ်ခွဲဝေပေးမည်ဟု ကြေညာပြီး နောက်ပိုင်း ဇူလိုင်လတွင် အရောင်းအဝယ် ပြန်လည်မြင့်တက်ခဲ့ကြောင်း၊ ယခုနှစ်တွင် အများဆုံး ငွေကျပ် ၁ ဒသမ ၂၃ ဘီလီယံကျော် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း  သိရသည်။
-
ရန်ကုန်စတော့အိတ်ချိန်း သုံးနှစ်ကျော် သက်တမ်းအတွင်း အစုရှယ်ယာ အရောင်း အဝယ်ဖြစ်မှု စံချိန်တင် အနည်းဆုံးအဖြစ် ယခုနှစ် ဇွန်လတွင် ငွေကျပ်သိန်း ၆၆၆ဝ ကျော်သာ ရှိခဲ့ပြီး စံချိန်တင်အများဆုံး ကာလအဖြစ် အရောင်းအဝယ်ဖြစ်မှုတွင် အစုရှယ်ယာ စတင် ရောင်းချသည့် ၂ဝ၁၆ ခုနှစ် မတ်လက  FMI ကုမ္ပဏီ တစ်ခုတည်းမှ ငွေကျပ် ၂၄ ဘီလီယံကျော် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
-
ရန်ကုန်စတော့အိတ်ချိန်း အရောင်းအဝယ်ဖြစ်မှု၌  နိုဝင်ဘာ  ၃ဝ ရက်တွင် FMI ကုမ္ပဏီမှ ရှယ်ယာတစ်စုလျှင် ငွေကျပ် ၁ဝ၅ဝဝ၊  MTSH ကုမ္ပဏီမှ အစုရှယ်ယာ တစ်စုလျှင်  ငွေကျပ် ၃၁၅ဝ၊  MCB ကုမ္ပဏီမှ အစုရှယ်ယာတစ်စုလျှင် ငွေကျပ် ၇၂ဝဝ၊ FPB  ကုမ္ပဏီမှ အစုရှယ်ယာ တစ်စုလျှင် ငွေကျပ် ၂၄ဝဝဝ၊ TMH ကုမ္ပဏီမှ အစုရှယ်ယာ တစ်စုလျှင် ငွေကျပ် ၂၉ဝဝ ဖြင့် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger