www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 28, 2018

သတင်းအချက်အလက်များ နားထောင်ပြီးမှသာ မူဆယ်သို့ ဖရဲ သခွားများ တင်ပို့ရန်အကြံပြု

-
မူဆယ် ဒီဇင်ဘာ ၂၇ 
-
တရုတ်နိုင်ငံရှိ ကျင်စန်းကျော့ ဂိတ်လမ်း ပိတ်ထားသဖြင့် ယနေ့တွင် မူဆယ်၌ ဖရဲ၊ သခွား ရောင်းဝယ်မှု ခေတ္တရပ်ဆိုင်းထားရ၍ သတင်း အချက်အလက်များ နားထောင်ပြီးမှသာ မူဆယ် ၁၅ဝ မိုင်နယ်စပ်ကုန်သွယ်ရေး ဇုန်သို့ ဖရဲ၊ သခွားများ တင်ပို့ကြရန် တောင်သူများကို အကြံပြု ပြောကြားလိုကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းထံမှသိရသည်။ 
-
မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကုန်သွယ်ရေး ဇုန်မှ ဖရဲများ ရောင်းချပြီးပါက ခြောက်မိုင် ခန့်မောင်း နှင်လျှင် ကျင်စန်းကျော့ဂိတ်ကို ရောက်ရှိပြီး တရုတ်နိုင်ငံ ဝမ်တိန်မြို့သို့ ရောက်ရှိမည်ဖြစ် သည်။ 
-
ယင်း လမ်းကြောင်းကို ယနေ့ နံနက်မှစ၍ အဝင်အထွက် ပိတ်ထားသဖြင့် ရောင်းပြီး သားကားအစီးရေ ၅ဝ ကျော်မှာ လမ်းပေါ်၌ရှိနေပြီး ထပ်မံရောင်းချရန် အဆင်မပြေကြောင်း သိရသည်။ ''ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာ မသိရသေးဘူး။ နောက်ပြီး သတင်းစုံစမ်းပြီး လမ်းပွင့်ပြီဆိုမှပဲ တက်လာစေချင်ပါတယ်။ မသိဘဲနဲ့ တက်သွားရင် အခက်အခဲတွေ တွေ့ကြုံမှာစိုးလို့ပါ။ ဒီနေ့ မနက် ပိတ်လိုက်တဲ့အချိန်မှာကားတွေအတွက် အခက်အခဲဖြစ်နေပါတယ်'' ဟု ဦးနိုင်ဝင်းက ပြောသည်။ 
-
ယမန်နှစ်ကာလတူက ဖရဲ၊ သခွားတန်ချိန် ၁၇ တန်ရှိ ကားအစီးရေ ၄ဝဝ ကျော် နေ့စဉ် ဝင်ရောက်သော်လည်း ယခုနှစ်တွင် ဖရဲ၊ သခွား စိုက်ပျိုးသူများ အခက်အခဲများနှင့် တွေ့ကြုံနိုင်ကြောင်းသိရသည်။ 
-
နေနေ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger