
-
ရန်ကုန် ဒီဇင်ဘာ ၁၂
-
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသော အိန္ဒိယသမ္မတ နိုင်ငံသမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်နှင့်ဇနီး ရှရီမတီ ဆာဗီးတာကိုဗင့်ဒ်နှင့် အဖွဲ့သည် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိသည်။
-
အိန္ဒိယသမ္မတနိုင်ငံသမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်နှင့်ဇနီးအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် ဇနီးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ကြိုဆိုကြသည်။ ထို့နောက် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်နှင့်ဇနီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်သို့ သွားရောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ် ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။
-
ထို့နောက် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်နှင့်ဇနီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်သို့ သွားရောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ် ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။ ယင်းနောက် ရွှေတိဂုံစေတီတော်သို့ သွားရောက်ကာ စေတီတော်မြတ်ကြီးအား ဖူးမြော် ကြည်ညိုကြသည်။
-
ရှေးဦးစွာ အိန္ဒိယသမ္မတနိုင်ငံသမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်သည် ရွှေတိဂုံစေတီတော် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး သမ္မတနှင့် ဇနီးတို့သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ပန်း၊ ဆီမီး၊ရေချမ်း၊ အမွှေးနံ့သာများဖြင့် ကပ်လှူပူဇော်ပြီး ရွှေတိဂုံစေတီဂေါပက အဖွဲ့သို့ အလှူငွေများ ပေးအပ်လှူဒါန်းကာ စေတီတော်မြတ်ကြီးအား လက်ယာရစ် တစ်ပတ်လှည့်လည် ဖူးမြော်ကြည်ညိုကာ သာသနိက အဆောက်အအုံများကို ကြည့်ရှုလေ့လာကြသည်။ ညပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံသမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်နှင့်ဇနီးနှင့် အဖွဲ့သည် ဆူးလေရှန်ဂရီလာ ဟိုတယ်၌ မြန်မာနိုင်ငံရှိ အိန္ဒိယ အသိုက်အဝန်းနှင့် တွေ့ဆုံသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment