www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 28, 2018

နှစ်သစ်ကူးရုံးပိတ်ရက် အထူးရထားများပြေးဆွဲပေးရန်စီစဉ်ထား

-
ရန်ကုန် ဒီဇင်ဘာ ၂၇ 
-
၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ၂၉ ရက်မှ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ နှစ်သစ်ကူး ရုံးပိတ်ရက် လေးရက်အတွင်း နေရပ်သို့ပြန်ကြမည့် ခရီးသွားပြည်သူများ သွားလာရေး အဆင်ပြေစေရန ရည်ရွယ်၍ နေပြည်တော်- ရန်ကုန်နှင့် ရန်ကုန်- မန္တလေး ခရီးစဉ်တို့အတွက် အသွားအပြန် အထူးရထားများ ပြေးဆွဲပေးရန် စီစဉ်ထားကြောင်း မြန်မာ့မီး ရထားလုပ်ငန်း တိုင်း(၇) အထွေ ထွေ မန်နေဂျာ ဦးဇော်လွင်ထံမှ သိရသည်။ ''နှစ်သစ်ကူး ရုံးပိတ်ရက်မှာ နေရပ်ပြန်ချင်တဲ့ သူတွေအတွက် အထူးရထား စီစဉ်ပေးတာပါ။ 
-
အထူးရထားတွေကို နေပြည်တော် နှစ်စင်း၊ မန္တလေးနှစ်စင်း အစုန်အဆန် လေးစင်းပြေးဆွဲ ပေးမှာပါ။ ပုံမှန်ပြေးဆွဲနေတဲ့ ရထားတွေအပြင် အထူးရထားတွေ ထပ်မံပြေးဆွဲ ပေးတာပါ'' ဟု ဦးဇော်လွင် ကပြောသည်။ နေပြည်တော်-ရန်ကုန် အထူးရထားကို ဒီဇင်ဘာ ၂၈ ရက်တွင် ပြေးဆွဲပေးမည်ဖြစ်ရာ နေပြည်တော်မှ ည ၉ နာရီ မိနစ် ၃ဝ တွင် ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်သို့ ဒီဇင်ဘာ ၂၉ ရက် နံနက် ၇ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ အထူးရထားတွင် ရိုးရိုးတန်း ရှစ်တွဲ၊ အထက် တန်း ထိုင်ခုံသုံးတွဲနှင့် ဘရိတ်တွဲ တစ်တွဲပါရှိကြောင်း သိရသည်။ 
-
ရန်ကုန်-မန္တလေး အထူးရထားကို ဒီဇင်ဘာ ၂၉ ရက်တွင် ပြေးဆွဲပေးမည်ဖြစ်ရာ ရန်ကုန်မှ ညနေ ၆ နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး မန္တလေးသို့ ဒီဇင်ဘာ ၃ဝ ရက် နံနက် ၉ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ မန္တလေး-ရန်ကုန် အထူးရထားကို ဒီဇင်ဘာ ၃ဝ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် မန္တလေးမှ ထွက်ခွာ၍ ရန်ကုန်သို့ ဒီဇင်ဘာ ၃၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ် တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ 
-
ရန်ကုန်-မန္တလေး အထူးရထားများအတွက် အမှတ်(၃/၄) ခရီးစဉ်ကဲ့သို့ ရပ်တန့်သည့် ဘူတာ များ၌ ရပ်တန့်မည်ဖြစ်ပြီး အထက်တန်း ထိုင်ခုံ သုံးတွဲ၊ အထက်တန်း အိပ်စင် တစ်တွဲ၊ ရိုးရိုးတန်း ရှစ်တွဲ၊ ဘရိတ်တွဲတစ်တွဲ ချိတ်ဆက်ပေးမည် ဖြစ်သည်။ 
-
ထို့ပြင် ရန်ကုန်-နေပြည်တော် အထူးရထားကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက် ည ၉ နာရီ မိနစ် ၃ဝ တွင် ရန်ကုန်မှ ထွက်ခွာမည်ဖြစ်ပြီး နေပြည်တော်သို့ ဇန်နဝါရီ ၂ ရက် နံနက် ၇ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အထူးရထားများအတွက် ရထား လက်မှတ်များကို ရန်ကုန် ဘူတာကြီး ရက်ကြို လက်မှတ်ရုံ၌ ယနေ့နံနက် ၇ နာရီမှစ၍ ရောင်းချပေးနေပြီး လက်မှတ်ခ ဈေးနှုန်းများကို ယခင် အတိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 
-
ဆုလာဘ်
-
#မြ၀င်္တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger