www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 14, 2018

မစ္စအာကူရာ ဆီကီဝါ အာဟန်ကော်ရာအား မြန်မာနိုင်ငံဆိုင်ရာ ဂါနာနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူ

-
နေပြည်တော်  ဒီဇင်ဘာ ၁၄ 
-
မစ္စအာကူရာ ဆီကီဝါ အာဟန်ကော်ရာအား ကွာလာလမ်ပူမြို့အခြေစိုက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဂါနာနိုင်ငံ သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရက သဘောတူညီပြီးဖြစ်သည်။ 
-
မစ္စအာကူရာ ဆီကီဝါ အာဟန်ကော်ရာသည် ၁၉၈၉ ခုနှစ်တွင် ပထဝီ၊ သယံဇာတ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘောဂဗေဒဆိုင်ရာ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ကို လည်းကောင်း၊ ၂ဝဝ၁ ခုနှစ်တွင် စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ မဟာဝိဇ္ဇာဘွဲ့ကို လည်းကောင်း၊ ၂ဝ၁၂ ခုနှစ်တွင် နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ မဟာဝိဇ္ဇာဘွဲ့ကို လည်းကောင်း လေဂိုမြို့ရှိ ဂါနာတက္ကသိုလ်မှ ရရှိခဲ့သည်။ 
-
၁၉၉၁ ခုနှစ် မေလမှ ၂ဝဝ၂ ခုနှစ် ဇန်နဝါရီလအထိ ဂါနာနိုင်ငံ ကာကွယ်ရေး ဝန်ကြီး ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂ဝဝ၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ဂါနာနိုင်ငံ နိုင်ငံခြားရေးနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနနှင့် မလေးရှား နိုင်ငံနှင့် ကင်ညာနိုင်ငံတို့ရှိ ဂါနာနိုင်ငံ မဟာမင်းကြီးရုံးတို့၌ ရာထူး အဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ မလေးရှားနိုင်ငံ ဆိုင်ရာ ဂါနာမဟာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။        
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger