
-
နေပြည်တော် ဒီဇင်ဘာ ၁၁
-
အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်၏ ဇနီး ရှရီမတီ ဆာဗီးတာကိုဗင့်ဒ်သည် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ့ကျောက် မျက်ရတနာပြတိုက် အတွင်း ခင်းကျင်းပြသထားသည့် ရတနာပစ္စည်း ပြခန်းများနှင့် ကျောက်မျက်ရတနာဈေး တို့ကို ကြည့်ရှုလေ့လာရာ မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။
-
ဆက်လက်၍ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ၏ ဇနီးနှင့် အဖွဲ့သည် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ရောက်ရှိကြရာ ဂေါပကအဖွဲ့ဝင်များက လိုက်လံရှင်းလင်း ပြသကြသည်။ ထို့နောက် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ၏ ဇနီးနှင့်အဖွဲ့သည် ဥပ္ပါတသန္တိစေတီတော် လိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်းများ ကပ်လှူ ပူဇော်ကြကြောင်း သိရသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment