www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 11, 2018

မကွေးဒေသရှိ ကျောက်စရစ်ထုတ်လုပ်မှု လုပ်ငန်းခွင်၌ ကန့်သတ်ချက်များ ပြုလုပ်မည်

မကွေးဒေသရှိ ကျောက်စရစ်ထုတ်လုပ်မှု လုပ်ငန်းခွင်၌ ကန့်သတ်ချက်များ ပြုလုပ်မည်
-
မကွေး ဒီဇင်ဘာ ၁ဝ
-
မကွေးတိုင်းဒေသကြီးအတွင်း ကျောက်စရစ် ထုတ်လုပ်သည့် လုပ်ငန်းခွင်များတွင် ခွင့်ပြုချက် ထက်ပို၍ ထုတ်လုပ်သူများ ရှိနေခြင်းကြောင့် ကန့်သတ်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုကို ဦးတည်သည့် ကန့်သတ်ချက်(၃) ချက်ကို သတ်မှတ်လိုက်ပြီး ညွှန်ကြားချက်များ ထုတ်ပြန်မည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများ စီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။
-
''လုပ်ငန်းခွင်မှာ ကျောက်စုပ်တဲ့ ပိုက်တွေကို ခြောက်လက်မထက် မကြီးတဲ့ပိုက်တွေပဲ ခွင့်ပြုပါ တော့မယ်။ ကျောက်စုပ်တဲ့နေရာမှာ ကစ်နှစ်ခုထက်ပိုတဲ့ ရေယာဉ်တွေကိုလည်း ကန့်သတ်ပါမယ်။ မြင်းကောင်ရေ ၂ဝ အောက် ရေယာဉ်တွေနဲ့ ကျောက်စရစ်ကို သယ်ခွင့်မပြုတော့ပါ ဘူး''ဟု ကော်မတီ အတွင်းရေးမှူးက ပြောသည်။
-
နိုဝင်ဘာ ၂၇ ရက်က ပြုလုပ်သည့် ကော်မတီ အစည်းအဝေး၌ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး၏ အကြံပြုချက်များကို ကော်မတီက လက်ခံ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့မှ ညွှန်ကြား မှုများ ဆက်လက် လုပ်ဆောင်မည်ဖြစ်သည်။
-
''ကျောက်စရစ် တစ်ကျင်းကို ငါးတန်ရှိတယ်။ ကျောက်စရစ် သုံးကျင်းပါတဲ့ ၁၅ တန်အလေး ချိန်ကို မြင်းကောင်ရေ ၂ဝ အောက် ရေယာဉ်နဲ့သယ်ရင် အန္တရာယ်ရှိပါတယ်'' ဟု ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက အကြံပြုခဲ့ခြင်း ဖြစ်သည်။
-
ကျောက်စရစ် လုပ်ကွက်ကို ဒေသခံများကိုသာ ဦးစားပေးသင့်ကြောင်း၊ လုပ်ကွက်ငါး ဧကတစ်ကွက်လျှင် သင်္ဘောသုံးစင်း သတ်မှတ်ထားသော်လည်း အမှန်တကယ် ထုတ်လုပ်နေ သည်မှာ ခွင့်ပြုပမာဏထက် ပိုများနေကြောင်း၊ ကျင်းအရေအတွက် ပိုတိုး၍လျှောက် ထားစေ ပြီး ပိုက်အရွယ်အစားကို ခြောက်လက်မထက် မပိုသော ပိုက်ကိုသာ ခွင့်ပြုရန်နှင့် ကစ်နှစ်ခု ထက်ပိုသော ရေယာဉ်များကို ခွင့်မပြုသင့်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနမှ သိရသည်။
-
(၄ဝ၂)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger