www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 11, 2018

ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့် ရှောက်ရေးအသင်းရုံးခန်းဖွင့်

ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့် ရှောက်ရေးအသင်းရုံးခန်းဖွင့်
-
အောင်လံ ဒီဇင်ဘာ ၁ဝ
-
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့ သမိုင်းဝင် ကုသိနာရုံဘုရား တန်ဆောင်း တော်ကြီး၌ ယမန်နေ့ နံနက်ပိုင်းက ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့် ရှောက်ရေးအသင်းရုံးခန်းဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။
-
ရှေးဦးစွာ အခမ်းအနားကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီးတိုင်းဒေသကြီး ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့် အသင်းဖွဲ့စည်းရေး ဒုတိယ ဥက္ကဋ္ဌတို့က ရုံးခန်းဆိုင်းဘုတ်ကို အမွှေးနံ့သာ များ ပက်ဖျန်းပေးသည်။
-
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့က အမှာစကားများ အသီးသီး ပြောကြားကြပြီး အလှူရှင်များအားဂုဏ်ပြုမှတ်တမ်း လွှာများပေးခြင်း၊ အသင်းဝင် အဆိုပြုလွှာများအား လက်ခံခြင်း တို့ကိုဆောင်ရွက်ကြကာ တိုင်းဒေသကြီး အသင်းဖွဲ့စည်းရေး ဒုတိယဥက္ကဋ္ဌက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။
-
ဆက်လက်၍ ခရိုင်ရင်ခွင်မဲ့ ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌက အသင်း၏ လှုပ်ရှားမှု အတွေ့အကြုံများကို ရှင်းလင်းပြီး တိုင်းဒေသကြီး အသင်း ဥက္ကဋ္ဌကအသင်း၏လက်ရှိ လုပ်ဆောင်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်း ပြောကြား ခြင်းတို့ကို ဆောင်ရွက်ကြကြောင်း သိရသည်။
-
သိန်းလွင်(အောင်လံ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger