www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 7, 2018

နိုင်ငံနှင့် သင့်လျော်သည့် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ACTION PLANများ စနစ်တကျရေးဆွဲ ဆောင်ရွက် သွားကြရန်လို

နိုင်ငံနှင့် သင့်လျော်သည့် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် Action Planများ စနစ်တကျရေးဆွဲ ဆောင်ရွက် သွားကြရန်လို
-
နေပြည်တော်  ဒီဇင်ဘာ  ၆
-
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။
-
အစည်းအဝေးသို့  ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊  ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ အောင်သူ၊  ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဦးစိုးဝင်းနှင့်  ဦးဟန်ဇော်၊  ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊  မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ လုပ်ငန်းကော်မတီ (၅)ရပ်မှဥက္ကဋ္ဌများနှင့်  ဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ၊  မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ   တက်ရောက်ကြသည်။
-
အစည်းအဝေးတွင်   ဒုတိယသမ္မတ ဦးမြင့်ဆွေက  ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မူဘောင်ပါ ကိစ္စရပ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို   နိုင်ငံတော်သမ္မတရုံးက ၂ဝ၁၆ ခုနှစ်၊အောက်တိုဘာ ၂၄ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ်၊ ၇၉/၂ဝ၁၆ ဖြင့် ဒုတိယသမ္မတ ဦးဆောင်၍ ၂ဝ ဦးဖြင့် လုပ်ငန်းတာဝန်(၅)ရပ် ချမှတ်ဖွဲ့စည်းခဲ့ပြီး ယခုအခါ သက်တမ်းနှစ်နှစ် ကျော်ရှိပြီဖြစ်ကြောင်း၊ လုပ်ငန်းတာဝန် (၅)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်   လုပ်ငန်းကော်မတီ ငါးခုကိုဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း။
-
ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ၂ဝ၁၆ ခုနှစ်  နိုဝင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့ပြီး ယခုအစည်းအဝေးသည် အဋ္ဌမအကြိမ်မြောက်ဖြစ်ကြောင်း၊ ပထမအကြိမ်မှ သတ္တမ အကြိမ်အထိအစည်းအဝေး ဆုံးဖြတ်ချက်ပေါင်း ၅၅ ချက်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီး  အချက် ၅ဝ နှင့် ဆောင်ရွက်ဆဲ ငါးချက်ရှိနေသည်ကို တွေ့ရှိရကြောင်း၊  ဆောင်ရွက်ဆဲ ငါးချက်ကိုလည်းအမြန်ပြီးပြတ်အောင်   အချိန်ကာလ သတ်မှတ်ပြီး  ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုကြောင်း။
-
ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြု နိုင်ရေးအတွက် စီးပွားရေး လုပ်ငန်းရှင်များနှင့် လစဉ်ပုံမှန်တွေ့ဆုံပြီး   လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိရာ ၂ဝ၁၈ ခုနှစ်  နိုဝင်ဘာလအထိ ၂၁  ကြိမ်တွေ့ဆုံခဲ့ပြီး  အကြိမ် ၂ဝ အထိ စီးပွားရေး လုပ်ငန်းရှင်များ၏ အခက်အခဲ အကြံပြုတင်ပြချက် စုစုပေါင်း ၂၉၇ ချက်ရှိခဲ့ရာအဆိုပါတင်ပြချက်များ အားလုံးကို သက်ဆိုင်ရာစီးပွားရေး လုပ်ငန်းရှင်များထံသို့  အကြောင်းပြန်ကြားပေးပြီး ဖြစ်ကြောင်း။
-
နယ်စပ်ဒေသများမှ တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်မှုကြောင့် အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာနိုင်သဖြင့်   တရားမဝင်ကုန်ပစ္စည်းများကိုတားဆီးထိန်းချုပ်နိုင်ရန် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခုတွင် တရားမဝင်ကုန်သွယ်မှု  တားဆီးထိန်းချုပ်နိုင်ရေး အထူးအဖွဲ့များ ဖွဲ့စည်းပြီး   ဖမ်းဆီးအရေးယူလျက် ရှိရာ အထိုက်အလျောက်ထိရောက်မှုရှိသည်ကို တွေ့ရှိရကြောင်း၊အဆိုပါအထူး အဖွဲ့များ အနေဖြင့် ယခုနှစ် အောက်တိုဘာလအတွင်း ဖမ်းဆီးအရေးယူမှုပေါင်း ၅၉ ကြိမ် ရှိခဲ့ပြီး တန်ဖိုးငွေကျပ် ၁ ဒသမ ၃ ၂ဝ၁၈ ခုနှစ်အောက်တိုဘာ ၃၁ ရက်တွင် ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည့် fh Doing Business 2019 Report တွင် မြန်မာနိုင်ငံ၏ အဆင့်သည်  ၁၇၁  ဖြစ်သည့်အတွက် ယခင်နှစ်အဆင့်အတိုင်း ပြောင်းလဲမှုမရှိသော်လည်း  အမှတ်တိုးမြင့် ရရှိခဲ့ကြောင်း၊ သုံးနှစ်အတွင်း   မြန်မာနိုင်ငံ၏ အဆင့်ကို ၁ဝဝ အောက်ရောက်ရှိရန် ရည်မှန်းချက်ထားပြီး Ease  of  Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်၍ ၁၄ ဦးဖြင့်ဖွဲ့စည်းကာ လုပ်ငန်းများ   ဆောင်ရွက်လျက်ရှိကြောင်း၊ ညွှန်းကိန်းတစ်ခုချင်း အလိုက်အထောက်အကူပြု အဖွဲ့ ၁ဝ ဖွဲ့ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း။
-
စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်း (Starting a Business)အပိုင်းတွင် ရမှတ်တိုးလာပြီး အဆင့်သုံးဆင့် တက်လာကြောင်း၊ လျှပ်စစ်ဓာတ်အား ရရှိနိုင်မှု  (Getting Electricity) အပိုင်းတွင်ရမှတ်တိုးလာပြီး အဆင့်ခုနစ်ဆင့် တက်လာကြောင်း၊  ဆောက်လုပ်ခွင့် ရယူခြင်း (Dealing with Construction Permits) အပိုင်းတွင် ရမှတ် တိုးလာသော်လည်း အဆင့်ရှစ်ဆင့် ကျသွားကြောင်း၊ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်း (Registering Property) အပိုင်းတွင် ရမှတ်မှာ ယခင်နှစ်အတိုင်း ပြောင်းလဲမှုမရှိသော်လည်း အဆင့်နှစ်ဆင့် ကျသွားကြောင်း၊ ချေးငွေရရှိနိုင်မှု(ွ Getting Credit)အပိုင်းတွင်ရမှတ်မှာ ယခင်နှစ်အတိုင်း ပြောင်းလဲမှု မရှိသော်လည်း အဆင့်တစ်ဆင့် ကျသွားကြောင်း၊ အနည်းစု ရင်းနှီးမြှုပ်နှံသူများအား  အကာ အကွယ်ပေးခြင်း (Protecting Minority Investors) အပိုင်းတွင်ရမှတ်မှာ ယခင်နှစ်အတိုင်း ပြောင်းလဲမှု မရှိသော်လည်း အဆင့် နှစ်ဆင့်ကျသွားကြောင်း၊ အခွန်ပေးဆောင်မှု (Paying Tax)အပိုင်းတွင် ရမှတ်မှာ ယခင်နှစ်အတိုင်း ပြောင်းလဲမှု မရှိသော်လည်း အဆင့်တစ်ဆင့်ကျသွားကြောင်း၊ ပြည်ပကုန်သွယ်မှု (Trading Across Borders) အပိုင်းတွင် ရမှတ်မှာ ယခင်နှစ်အတိုင်း ပြောင်းလဲမှုမရှိသော်လည်း အဆင့်ငါးဆင့် ကျသွားကြောင်း၊ ပဋိညာဉ်များအတည်ပြုဆောင်ရွက်ခြင်း (Enforcing Contracts) နှင့် အကြွေးမဆပ်နိုင်မှု အခြေအနေကို ဖြေရှင်းပေးနိုင်မှု (Resolving Insolvency)တို့သည် ယခင်နှစ်အတိုင်း  ရမှတ်နှင့်  အဆင့်ပြောင်းလဲမှုမရှိသည်ကို တွေ့ရကြောင်း စုစုပေါင်း ရမှတ် (Distance to Frontier- DTF) မှာ ၄၄ ဒသမ ၇၂ ဖြစ်ပြီး ယမန်နှစ်ကထက် သုည ဒသမ ၅၁ ရမှတ်တိုးတက် ရရှိခဲ့သော်လည်း အဆင့်မှာယခင်နှစ်ကအတိုင်း ၁၇၁ အဆင့်သာ ဖြစ်ကြောင်း ပြောကြားသည်။ဘီလီယံခန့် ဖမ်းဆီးနိုင်ခဲ့ကြောင်း။
-
ထို့ပြင် Doing Business 2019 Report တွင် တိုးတက်မှု အကောင်းဆုံး ၁ဝ နိုင်ငံကို လေ့လာကြည့်လျှင် ညွှန်းကိန်း ၁ဝ ခုတွင် အနည်းဆုံးညွှန်းကိန်း  ငါးခုမှခုနစ်ခုအထိ ပြုပြင်ပြောင်းလဲမှု (Reform)များဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ယင်း ၁ဝ နိုင်ငံ၏ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ခဲ့မှုများကို လေ့လာပြီး မိမိတို့နိုင်ငံနှင့် သင့်လျော်သည့်  ပြုပြင်ပြောင်းလဲမှုများကို စီမံချက်ချမှတ်ပြီးအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
-
ထိုသို့ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် Ease of Doing Business အဆင့် ပိုမိုတိုးတက် ရရှိရေးအတွက်  သက်ဆိုင်ရာ Indicator  တစ်ခုချင်းအလိုက် အနည်းဆုံး ပြုပြင်ပြောင်းလဲမှု သုံးခုပြုလုပ်သွားရန်နှင့် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် Action Plan များ စနစ်တကျရေးဆွဲကာ ရည်မှန်းချက်ထား၍ ဆောင်ရွက်သွားကြရန် ပြောကြားလိုကြောင်း၊   မိမိတို့အနေဖြင့်Doing Business 2020 Report တွင် ထည့်သွင်းတွက်ချက်ရာ၌ ပါဝင်နိုင်ရန် အတွက် ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရန် အချိန်ငါးလသာ ကျန်ရှိကြောင်း၊ ထို့ကြောင့် ဌာနဆိုင်ရာများ အနေဖြင့်ကျန်ရှိသည့် အချိန်ငါးလအတွင်း ဆောင်ရွက်နိုင်မည့် ပြုပြင်ပြောင်းလဲမှုများကို ဦးစားပေးကာ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်နှင့်  စဉ်ဆက်မပြတ် နှစ်စဉ်အထို့ပြင်  အဆိုပါပြုပြင်ပြောင်းလဲမှုများကို ပုဂ္ဂလိကကဏ္ဍက သိရှိပြီး World Bank က ပေးပို့သည့် စစ်တမ်းမေးခွန်းလွှာများကို မှန်မှန်ကန်ကန် ဖြေဆိုနိုင်ရန်အတွက် Public Awarenessကို ကြိုတင်၍ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးမှသာ အဆင့်နှင့်ရမှတ်များ တိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်အနေဖြင့်လည်း PublicAwareness ပြုလုပ်မည့် အစီအစဉ်များ အတွက် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် ပေးကြစေလိုကြောင်း။
-
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် Ease of Doing Business Ranking တိုးတက်စေရေးအတွက် ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ လုပ်ငန်းကော်မတီ(၅)ရပ်မှ တာဝန်ရှိသူများ၊ Ease  of   Doing   Business  Ranking တိုးတက်စေရေး လုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ အနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဆက်လက် ဆောင်ရွက်မည့် အစီအမံများနှင့်   အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
-
ထို့နောက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာသန်းမြင့်က ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးသည်။ ယင်းနောက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး အမြဲတမ်း အတွင်းဝန်ဦးရန်နိုင်ထွန်းက ယခင်သတ္တမအကြိမ် အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
-
ထို့နောက် အခြေခံ လူသားအရင်းအမြစ် တည်ဆောက်ရေး လုပ်ငန်းကော်မတီ၊ ငွေကြေး ရရှိစေနိုင်မှုဆိုင်ရာများ ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်း ဆိုင်ရာဝန်းကျင်တိုးတက် ကောင်းမွန်စေရေး လုပ်ငန်းကော်မတီ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်းကော်မတီနှင့်  စီးပွားရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများတွင် နိုင်ငံ၏အခန်းကဏ္ဍအား ပြန်လည်ရေးဆွဲရေး လုပ်ငန်းကော်မတီတို့မှ   ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများက   လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
-
ယင်းနောက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူကဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် သင်တန်းများပေးနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်က ဆိပ်ကမ်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်  ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကလျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း၊  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက Banking Sectorဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်က Construction Develo-pment Lawရေးဆွဲ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဥပဒေဆိုင်ရာ ကိစ္စရပ်များအပေါ် သဘောထားပြန်ကြားပေးနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်းက Secured Transaction Law ရေးဆွဲဆောင်ရွက်ရမည့် အခြေအနေများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်  ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် မြန်မာနိုင်ငံ စက်မှုကုန်ထုတ် လုပ်သူများအသင်းဥက္ကဋ္ဌ ဒေါက်တာအောင်သိန်းတို့က ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်သင့်သည့် အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း အကြံပြု ဆွေးနွေးကြသည်။
-
ထို့နောက် Ease of Doing Business Ranking တိုးတက်ရေး လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ    ညွှန်ကြားရေးမှူးချုပ်  ဦးအောင်စိုးက DoingBusiness Ranking တိုးတက်ရေး အတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်၊ ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်၊ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းနှင့် ပြည်ထောင်စု တရားလွှတ်တော် တရားသူကြီးချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်ဒေါ်တင်နွယ်စိုးတို့က Doing  Business အစီရင်ခံစာနှင့် ပတ်သက်၍   ညွှန်းကိန်း နယ်ပယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
-
ထို့နောက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်စကား ပြောကြားကာအစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger