-
နေပြည်တော် နိုဝင်ဘာ ၁
-
အင်ဒိုနီးရှားနိုင်ငံ၏ (၇၃)ကြိမ်မြောက် အင်ဒိုနီးရှားအမျိုးသားတပ်မတော်နေ့အခမ်း အနား၌ ထည့်သွင်းကျင်းပ မည့် International Marathon 2018 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ် ပြိုင်ကြမည့် မြန်မာ့ တပ်မတော် ပြေးခုန်ပစ် အားကစားသမားများသည် အုပ်ချုပ်သူနည်းပြ များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် အင်ဒို နီးရှားနိုင်ငံသို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။
-
အဆိုပါအားကစားအဖွဲ့တွင် အုပ်ချုပ်သူ နည်းပြနှစ်ဦးနှင့် အားကစားသမားလေးဦး ပါဝင်ပြီး အင်ဒိုနီးရှား အမျိုးသား တပ်မတော်နေ့ အခမ်းအနားတွင် ထည့်သွင်းကျင်းပမည့် International Marathon 2018 ပြိုင်ပွဲသို့ ပထမဆုံး ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲကို နိုဝင်ဘာ ၄ ရက်တွင် ယှဉ်ပြိုင် ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment