www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 2, 2018

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲပြုလုပ်

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲပြုလုပ်
-
နေပြည်တော်  နိုဝင်ဘာ  ၁
-
တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ်၊ တိုင်းမှူးဒိုင်းပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုပေးပွဲကို ယနေ့ နံနက် ပိုင်းတွင် တိုင်းစစ် ဌာနချုပ်၊ အားကစားကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊  ဒိုင်အဖွဲ့ ဝင်များ၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့်   အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။  
-
ဦးစွာ တိုင်းမှူးနှင့် တက်ရောက် လာကြ သူများက ဗိုလ်လုပွဲ ပွဲစဉ်များဖြစ်သည့် မီတာ ၁ဝဝ အပြေးပြိုင်ပွဲ၊ မီတာ ၁ဝဝ တန်းကျော် ပြိုင်ပွဲ၊ မီတာ ၄ဝဝ လက်ဆင့်ကမ်း အပြေး ပြိုင်ပွဲ၊ လှံတံပစ်ပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲနှင့် သံပြားပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှု အားပေးကြသည်။ 
-
ထို့နောက် ဆုပေး ပွဲကိုဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစား အလိုက် တစ်ဦးချင်း ဆုရရှိသူများ၊ အသင်း လိုက်ဆုရရှိကြသူများနှင့် ဒိုင်းဆု ရရှိသော တောင်ငူတပ်နယ်အသင်း တို့ကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက  ဒိုင်းဆုနှင့်  ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ကြသည်။ 
-
အဆိုပါ ပြေးခုန်ပစ်ပြိုင်ပွဲကို အောက်တို ဘာ ၂၆ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင်  အပြေးပြိုင်ပွဲများ၊  အတား အဆီးကျော်ပြိုင်ပွဲများ၊ တန်းကျော်ပြိုင်ပွဲများ၊ လေးယောက်တွဲလက်ဆင့်ကမ်းပြိုင်ပွဲများ၊ အလျားခုန်၊ သုံးဆင့် ခုန်၊ တန်းမြင့် ခုန်ပြိုင်ပွဲများ၊ သံလုံးပစ်၊  သံပြားဝိုင်းပစ်၊  လှံတံပစ် ပြိုင်ပွဲများ၊ ၂ဝ ကီလို လမ်းလျှောက်ပြိုင်ပွဲများ၊ မီနီမာရသွန်နှင့် မာရသွန်ပြိုင်ပွဲများ ပါဝင်ကာ  တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသား အသင်း ၁၂ သင်းနှင့် အမျိုးသမီးအသင်း ၁၂ သင်းတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger