www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 13, 2018

ပြည်ထဲရေး ဝန်ကြီးဌာနမိသားစု (၁၃)ကြိမ်မြောက် မဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ပြည်ထဲရေး ဝန်ကြီးဌာနမိသားစု (၁၃)ကြိမ်မြောက် မဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကျင်းပ
-
နေပြည်တော် နိုဝင်ဘာ ၁၂ 
-
 ပြည်ထဲရေး ဝန်ကြီးဌာနမိသားစု (၁၃) ကြိမ်မြောက် မဟာဘုံကထိန် သင်္ကန်းဆက် ကပ်လှူ ဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုစည်းခန်းမ၌ ကျင်းပသည်။
-
အခမ်းအနားသို့ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ နှင့်ဇနီး ဒေါ်ဝင်းဝင်းမော်၊ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့်ဇနီး ဒေါ်နှင်းလွင်လွင်၊ အမြဲ တမ်း အတွင်းဝန် ဦးတင်မြင့် နှင့်ဇနီး ဒေါ်ရွယ်ဂျာ၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ရဲချုပ်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ တပ်ဖွဲ့မှူးများနှင့် ဝန်ထမ်း မိသားစုများ တက်ရောက်ကြသည်။
-
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် နိုင်ငံတော် သြဝါဒါစရိ ယဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်များ ရွတ်ပွား သရဇ္ဈာယ်တော်မူသည့် မေတ္တသုတ် ပရိတ် တရားတော်များကို နာယူကြသည်။
-
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ နှင့်ဇနီး ဒေါ်ဝင်းဝင်းမော်တို့က ပျဉ်းမနားမြို့ မာရ်အောင်ကျောင်းတိုက် ဆရာတော် ဂနဝ္ထါစက ပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍဝထံ ကထိန်လျာဉတ် သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်း သည်။
-
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်တို့အား ကထိန် သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို အသီးသီး ဆက်ကပ် လှူဒါန်းကြသည်။
-
ယင်းနောက် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် နိုင်ငံတော် သြဝါဒါ စရိယဆရာတော် အဘိဓဇမဟာရဋ္ဌ ဂုရု ဘဒ္ဒန္တက၀ိသာရထံမှ ပရိတ်သတ်များက အနုမောဒ နာ တရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး ဆရာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။
-
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ဦးစီးဌာနများ၏ ယင်းနေ့လှူဒါန်းမှု တန်ဖိုးမှာ ပဒေသာပင် ၃၁ ခု တို့၏ ငွေသားနှင့် ပစ္စည်း စုစုပေါင်း တန်ဖိုးငွေကျပ် ၂၅၅၅၉ဝဝဝ ဖြစ်ပြီး သံဃာတော်များ၊ လူပရိသတ်များအတွက် ဧည့်ခံကျွေးမွေးမှုနှင့် အထွေထွေ လှူဒါန်းငွေ မှာ ငွေကျပ် ၈၄၁၈၄၅ဝ ဖြစ်၍ စုစုပေါင်းလှူဒါန်းမှု တန်ဖိုးမှာ ငွေကျပ် ၃၃၉၇၇၄၅ဝ ဖြစ် ကြောင်း သတင်းရရှိသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger