www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 13, 2018

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
-
နေပြည်တော်   နိုဝင်ဘာ   ၁၂ 
-
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ချက်များကို   ဝန်ထမ်းများ ပိုမိုသိရှိ နားလည်ပြီး အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (Workshop on Capacity Building)ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ ကျင်းပသည်။
-
အခမ်းအနားတွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင် က အမှာစကား ပြောကြားသည်။ 
-
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr. Kristian Schmidt က အဖွင့်အမှာစကား ပြောကြားသည်။ 
-
ထို့နောက် ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် ဥရောပသမဂ္ဂ သံအမတ်ကြီးတို့ကို အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနမှ တာဝန်ရှိသူတစ်ဦးက အမှတ်တရ လက်ဆောင်ပေးအပ်သည်။ ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို   ဆက်လက် ကျင်းပသည်။
-
အလုပ်ရုံဆွေးနွေးပွဲသို့  ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
-
အလုပ်ရုံ ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၃ ရက် (ယနေ့)တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး ဆက်သွယ်ဆက်ဆံရေး ခေါင်းစဉ်ဖြင့် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် UEHRD  မှ ဦးကျော်မြိုင်တို့က လည်းကောင်း၊ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများပါဝင်မှု အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ဒေါက်တာ စန်းစန်းအေးနှင့် ဒေါ်နန်ရော်က လည်းကောင်း၊ နိုင်ငံခြားဆက်ဆံရေးနှင့် သံတမန်ဆိုင်ရာများ ခေါင်းစဉ်ဖြင့် အကြံပေးပုဂ္ဂိုလ် ဦးမောင်ဝေနှင့် ဒေါ်ကေသီစိုးတို့က လည်းကောင်း၊ ငြိမ်းချမ်းရေး ရန်ပုံငွေဆိုင်ရာ ခေါင်းစဉ်ဖြင့် ဒေါ်စုမွန်ငြိမ်းနှင့် Kam Sian Thangတို့ကလည်းကောင်း၊ အစည်းအဝေး မှတ်တမ်းဆိုင်ရာ သိသင့်သည့်အချက် ခေါင်းစဉ်ဖြင့် ဒေါ်မိုးသူဇာနှင့် ဒေါ်ခိုင်မြတ်ချစ် တို့က လည်းကောင်း ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger