www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 14, 2018

စုပေါင်း မဟာဘုံကထိန် ပွဲတော် ကျင်းပမည်

စုပေါင်း မဟာဘုံကထိန် ပွဲတော် ကျင်းပမည်
-
မင်းဘူး  နိုဝင်ဘာ ၁၃ 
-
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ် ဌာနဆိုင်ရာများ ပူးပေါင်း၍ ပထမအကြိမ်  စုပေါင်းမဟာ ဘုံကထိန်ပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော်ကို  နိုဝင်ဘာ ၂ဝ ရက်မှ ၂၂ ရက်အထိ  မင်းဘူးမြို့ ဗိုလ်ချုပ်ကြေးရုပ် ပန်းခြံအတွင်း၌ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ   ကျင်းပမည်ဖြစ်ကြောင်း တန်ဆောင်တိုင်ပွဲတော် ကျင်းပရေး ကော်မတီထံမှ သိရသည်။
-
အဆိုပါ စုပေါင်းမဟာဘုံကထိန် ပွဲတော်ကို နိုဝင်ဘာ ၂၁ ရက် နံနက် ၇ နာရီမှစတင်၍ မင်းဘူးမြို့ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံမှ မကွေး-မင်းဘူး ကားလမ်းအတိုင်း ရှင်ပင်စက္ကိန်းတဲဘုရားသို့ မြို့တွင်း လှည့်လည်ပြီး နံနက် ၉ နာရီတွင် ရှင်ပင်စက္ကိန်းတဲ ဓမ္မာရုံကြီး၌ ပင့်သံဃာတော်များထံ   လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းမည်ဖြစ်သည်။
-
ထို့အတူ မင်းဘူးမြို့ ဗိုလ်ချုပ်ကြေးရုပ် ပန်းခြံအတွင်း၌အခမဲ့ LED မီးထွန်းပွဲတော်ကို  ကြိုတင်ပြင်ဆင်ပေးထားရာ ညနေပိုင်းတွင် လာရောက်အပန်းဖြေ အနားယူကြသည့် ပြည်သူများဖြင့်  အထူးစည်ကားလျက် ရှိကြောင်း သိရသည်။
-
ထို့ပြင် တန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက်ရေး အတွက် သီချင်းဆိုပြိုင်ပွဲကို ထည့်သွင်းကျင်းပရာ၌  ပြိုင်ပွဲတွင် Winneဆုရရှိသူကို ဆုကြေးငွေကျပ် တစ်သန်းပေးအပ်မည်ဖြစ်ပြီး  ကျန်ဆုရရှိသူများကို  ဆုကြေးငွေ ကျပ် တစ်သိန်း ဆုများ ပေးအပ်မည်ဖြစ်သည်။
-
သီချင်းဆိုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသည့် ပြိုင်ပွဲဝင်များအနက်မှ ၂ဝ ဦးအား ကနဦးစိစစ် ရွေးချယ်ပြီး ပြိုင်ပွဲဝင် ၂ဝ ဦး အနက်မှ ဆန်ခါတင်ပြိုင်ပွဲဝင် ၁ဝ ဦးကို ထပ်မံရွေးချယ်၍ စင်မြင့်ပေါ်တွင် ဝင်ရောက် ယှဉ်ပြိုင်စေ မည်ဖြစ်ကြောင်း၊ နိုဝင်ဘာ ၂ဝ ရက်တွင် သီချင်းဆိုပြိုင်ပွဲကို စတင်ကျင်းပကာ Top Ten၁ဝ ဦးက ပြိုင်ပွဲဝင်သီချင်းများကို သီဆိုဖျော်ဖြေရမည်ဖြစ်သည်။
-
သီဆိုဖျော်ဖြေယှဉ်ပြိုင်မှု အစီအစဉ်နှင့် အတူ Myanmar Idol Season 3 မှ Winner ဆုရ ဖြိုးမြတ်အောင်နှင့် အဆိုတော်များကလည်း သီဆိုဧည့်ခံ   ဖျော်ဖြေပေးမည်ဖြစ်ကြောင်း၊နိုဝင်ဘာ ၂၁ ရက်တွင် သီချင်းဆိုပြိုင်ပွဲဝင်  Top Ten ငါးဦးက ပြိုင်ပွဲဝင် သီချင်းများကို ဆက်လက်ဖျော်ဖြေကာ မြန်မာပြည်သိန်းတန် တစ်ကိုယ်တော် ဖျော်ဖြေမှုနှင့် အလင်္ကာဝတ်ရည် မြန်မာမှု တေးဂီတအဖွဲ့နှင့်  နိုင်ငံကျော် အဆိုတော်များက ပါဝင်ဖျော်ဖြေ မည်ဖြစ်ကြောင်း၊နိုဝင်ဘာ ၂၂ ရက်တွင် သီချင်းဆိုပြိုင်ပွဲဝင်   Grand Final  သုံးဦးက Winner ဆုအတွက် ယှဉ်ပြိုင်သီဆိုမည်ဖြစ်ကြောင်း   သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger