
အောင်လံ နိုဝင်ဘာ ၇
-
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်အုပ်စု ကသစ်ကန်ကျေးရွာ ဧစေတီသာသနာ့ ဗိမာန်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ် သင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။
-
ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအေးကျော်က အဖွင့်အမှာ စကား ပြောကြားပြီး မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင် လိုက်နာဆောင်ရွက်ရန် စည်းကမ်းချက်များ ကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် တာဝန်ရှိသူများက သင်တန်းသူများအား သင် ထောက်ကူပစ္စည်းများ ပေးအပ်သည်။
-
သင်တန်းသို့ ကသစ်ကန်ကျေးရွာမှ သင်တန်းသူ ၂၅ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ တစ်လခွဲကြာ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။ ယင်း သင်တန်းဖွင့်ပွဲသို့ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်၊ မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဦးမျိုးသိန်း၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးအောင်ကြီးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
-
သိန်းလွင်(အောင်လံ)
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment