www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 1, 2018

နမ့်ခမ်းမြို့နှင့် ပန်စံကျေးရွာ အကြားရှိ ကားလမ်းဘေး၌ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ထောင်ထားသော ဒေသန္တရလက်လုပ် ရီမုမိုင်းများ တွေ့ရှိ



နမ့်ခမ်းမြို့နှင့် ပန်စံကျေးရွာ အကြားရှိ ကားလမ်းဘေး၌  အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ထောင်ထားသော ဒေသန္တရလက်လုပ် ရီမုမိုင်းများ တွေ့ရှိ
နေပြည်တော် အောက်တိုဘာ ၃၁ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နှင့် ပန်စံကျေးရွာအကြားရှိ   ကားလမ်းအနီး မသင်္ကာဖွယ်ရာ ဝါယာကြိုးစများ တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက အောက်တိုဘာ ၃ဝ ရက် ညနေ ၅ နာရီခန့်တွင် သွားရောက်စစ်ဆေးရာ နမ့်ခမ်းမြို့မှ ပန်စံကျေးရွာသွား ကားလမ်း ယာဘက်ခြမ်းရှိ ကားလမ်း၏ ၁ ပေခန့်အကွာ၌ မိုင်းတစ်လုံးနှင့်တစ်လုံးအား ၁ဝ ပေခန့်စီ ခြား၍ အချင်း ၃ လက်မ၊ အရှည် ၄ လက်မ ခန့်ရှိ သံပိုက်ဖြင့် ပြုလုပ်ထားသော အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရ လက်လုပ်ရီမုမိုင်းသုံးလုံး၊ ဒီတိုနေတာသုံးခု၊ ဆားကစ်အိမ်တစ်ခု၊ ၁၂ ဗို့ ဘက်ထရီတစ်လုံးနှင့် ဝါယာကြိုး ပေ ၃ဝ ခန့်တို့ကို တွဲလျက် အနေအထားဖြင့် တွေ့ရှိခဲ့သည်။
-
အဆိုပါ ဒေသန္တရလက်လုပ် ရီမုမိုင်းများအား ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းဝေးရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ညနေ ၅ နာရီ ၁၅ မိနစ်တွင် သက်မဲ့ပြုလုပ်နိုင်ခဲ့ပြီး ၎င်းနေရာတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက အသေးစိတ် ထပ်မံရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger