www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 1, 2018

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ထောင်ထားသည့် နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲပြီး ဒေသခံပြည်သူ တစ်ဦး ဒဏ်ရာ ရရှိ


နေပြည်တော် အောက်တိုဘာ ၃၁ 
-
ရခိုင်ပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရပ် ချောင်းဝကျေးရွာနေ ဦးဝှေ့တန်းသည် ရွာသားလေးဦးနှင့်အတူ အောက်တိုဘာ ၂၉ ရက် နံနက် ၁၁ နာရီခန့်တွင် တောလိုက်ရန်အတွက် အဆိုပါကျေးရွာမှ ထွက်ခွာလာစဉ် ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၄ဝဝဝ ခန့် အကွာသို့အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား လက်ဖြင့်ထောက်မိ ပေါက်ကွဲပြီး မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။
-
အဆိုပါမိုင်းထိလူနာအား  လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ပလက်ဝမြို့ ပြည်သူ့ဆေးရုံမှတစ်ဆင့် စစ်တွေမြို့ ပြည်သူ့ဆေးရုံသို့   ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း သတင်း ရရှိသည်။ 
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger