www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 16, 2018

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်နေမှုအားဆန့်ကျင်သည့် ဆန္ဒဖော် ထုတ်ပွဲကျင်းပ

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်နေမှုအားဆန့်ကျင်သည့် ဆန္ဒဖော် ထုတ်ပွဲကျင်းပ
-
မော်လမြိုင် နိုဝင်ဘာ ၁၅
-
 မွန်ပြည်နယ် မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက်ရှိ သံလွင်ဥယျာဉ်ရှေ့၌ ယနေ့ နံနက်ပိုင်းတွင် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒ ဖော်ထုတ်ပွဲ ကျင်းပသည်။
-
အဆိုပါ ထောက်ခံပွဲတွင် မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ ကျိုက်မရော၊ ပေါင်၊ ချောင်းဆုံ မြို့နယ်တို့မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် အရန်အဖွဲ့ဝင်များ စုစုပေါင်း အင်အား ၃၅ဝ ဦးတို့က နိုင်ငံတော်အလံများ၊ စစ်မှုထမ်းဟောင်းအလံများ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၏ ဓာတ်ပုံနှင့်အတူ မြန်မာတပ်မတော်ကို အပြည့်အဝ ထောက်ခံသည်၊ တပ်မတော် အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝ ဆန့်ကျင်ရှုတ်ချသည်၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာကို တို့လုံးဝလက်မခံ၊ ပြည်သူကို ချစ်သော၊ ပြည်သူက ချစ်သော တပ်မတော် အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည် အေးချမ်းမည်၊ APHR ၏ အောက်လုံး အစီရင်ခံစာကိုအလိုမရှိ၊ တိုင်းပြည်တည်ငြိမ် အေးချမ်းဖို့ တပ်မတော်နှင့် အတူ ရပ်တည်စို့ ဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ကြသည်။
-
အလားတူ ကျိုင်းတုံမြို့ အမှတ်(၃)ရပ်ကွက် မြို့တော်ခန်းမရှေ့၌ ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌ ဦးလုကာ ဦးစီးသော စစ်မှုထမ်း ဟောင်း အဖွဲ့ဝင် ၁၆ဝ ဦးက တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင် နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပသည်။
-
တပ်မတော် ထောက်ခံပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ယခု အကြိမ်အပါအဝင် ၁၂၆ ကြိမ် စုစုပေါင်း အင်အား ၆၆၃၃၆ဝ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော် ထောက်ခံပွဲများ ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
-
(၄ဝ၆)၊ ကိုအောင်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger