www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 27, 2018

ရန်ကုန်တိုင်း စစ်ဌာနချုပ် မြန်မာ့သိုင်း အခြေခံ သင်တန်းဖွင့်ပွဲပြုလုပ်

ရန်ကုန်တိုင်း စစ်ဌာနချုပ် မြန်မာ့သိုင်း အခြေခံ သင်တန်းဖွင့်ပွဲပြုလုပ်
-
နေပြည်တော်  နိုဝင်ဘာ  ၂၆ 
-
ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဖွင့်လှစ်သည့် မြန်မာ့သိုင်းအခြေခံ သင်တန်းအမှတ်စဉ်(၂/ ၂ဝ၁၈)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မှော်ဘီ တပ်နယ်ခန်းမ၌ပြုလုပ်ရာ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသားများ  တက်ရောက်ကြသည်။
-
ဖွင့်ပွဲတွင် တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက အဖွင့်အမှာစကား ပြောကြားပြီး သင်တန်း သားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် သည်။ အဆိုပါသင်တန်းကို သင်တန်းသားများ၏     ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ရေး၊ ကိုယ်ခံ ပညာများ  တတ်မြောက်စေရေးနှင့် တိုင်းချစ် ပြည်ချစ်စိတ်များ နိုးကြားထက်သန်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုမိုမြင့်မားစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး သင်တန်းကို ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်အထိ သင်တန်းသား ၅ဝ ဦးဖြင့် ဖွင့်လှစ် သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger