www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 27, 2018

သံဃာတော်များ၊ သာသနာ့အနွယ်ဝင် သီလရှင်များ၊ အဘိုးအဘွားများနှင့် ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်

သံဃာတော်များ၊ သာသနာ့အနွယ်ဝင် သီလရှင်များ၊ အဘိုးအဘွားများနှင့် ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်
-
နေပြည်တော်   နိုဝင်ဘာ  ၂၆ 
-
စစ်ကိုင်းတိုင်းဒေသကြီး   မင်းကွန်းဒေသရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့်  စာသင်တိုက်များမှ သံဃာတော်များနှင့် သာသနာ့ အနွယ်ဝင် သီလရှင်များ၊   မင်းကွန်းဗုဒ္ဓဘာသာ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများ၊ မင်းကွန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဘိုးဘွားရိပ်သာရှိ ရာပြည့်ခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေးအသိ ပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးသည်။
-
ဦးစွာ ဆေးကုသရေးအဖွဲ့က သံဃာတော်များနှင့် သာသနာ့အနွယ်ဝင်သီလရှင် ၁၁ဝ ပါး၊ အဘိုးအဘွား ၇၉ ဦးနှင့် ဒေသခံပြည်သူ ၂၄ဝ ဦးတို့ကို အရိုး/အကြောရောဂါ၊  မျက်စိရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊    ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊  ဓာတ်မှန်ရိုက်ခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး   ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူခုနစ်ဦးအား  မုံရွာမြို့ရှိ တပ်မတော်ဆေးရုံသို့     တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
-
ထို့နောက် ဆေးကုသရေးအဖွဲ့က  သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး   ခြင်နှင့်ယင်အန္တရာယ်ကင်းဝေးစေရန် ဘိုးဘွားရိပ်သာအတွင်း ဆေးဖျန်းပေးခြင်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်နှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး အဘိုးအဘွားများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger