www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 15, 2018

နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ ရေသန့်စက်ရုံများကို သတ်မှတ်ချက်နှင့်အညီ ကိုက်ညီမှုရှိ ၊ မရှိစစ်ဆေး

နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ ရေသန့်စက်ရုံများကို သတ်မှတ်ချက်နှင့်အညီ ကိုက်ညီမှုရှိ ၊ မရှိစစ်ဆေး
-
နေပြည်တော်  နိုဝင်ဘာ  ၁၄ 
-
နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရေသန့်စက်ရုံများအား သတ်မှတ်ချက်နှင့် အညီ ကိုက်ညီမှုရှိ၊မရှိကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရခရိုင် စားသုံးသူရေးရာ အငြင်းပွားဖြေရှင်းရေး အဖွဲ့ဝင်များက လိုက်လံစစ်ဆေးကြကြောင်း သိရသည်။
-
ရှေးဦးစွာ ဥတ္တရခရိုင် စားသုံးသူရေးရာ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးငြိမ်းက ရေသန့်စက်ရုံများကို ထုတ်ကုန် လုံခြုံစိတ်ချမှုရှိစေရန် ကျန်းမာရေးနှင့် ညီညွတ်သော သောက်ရေသန့်များ ဖြန့်ဖြူးရောင်းချမှု ရှိစေရန် အတွက်     စစ်ဆေးရာ စက်ရုံများတွင် FDA ထောက်ခံချက်ရှိ၊ မရှိ၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ထောက်ခံချက်ရှိ၊ မရှိ၊ မြို့နယ်စည်ပင် သာယာရေးဦးစီးဌာန ထောက်ခံချက် ရှိ၊မရှိနှင့် အလုပ်သမားများ စက်ခန်းအတွင်း   ဝတ်စုံဝတ်ဆင်ရန်နှင့် ခြောက်လတစ်ကြိမ် ဆေးစစ်ရန် တို့ကို ရှင်းလင်းပြောကြားသည်။
-
ဆက်လက်၍ စားသုံးသူရေးရာ အငြင်းပွားမှု ဖြေရှင်းရေးနှင့် ကျန်းမာရေး အဖွဲ့ဝင်များသည် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ လင်းလက်စက်ရုံ၊ မြင့်မြတ်စက်ရုံ၊ ရွှေပြည်တော်စက်ရုံ၊ ငွေငန်းဖြူစက်ရုံ၊ Bertex စက်ရုံ၊ YTK စက်ရုံ၊  Flowersစက်ရုံ၊ မင်းကောင်းမြတ်စက်ရုံတို့ကို လိုက်လံစစ်ဆေးပြီး အကြံပြုပြောကြားသည်။
-
ထိုသို့စစ်ဆေးမှုကို ဥတ္တရခရိုင် စားသုံးသူရေးရာ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးငြိမ်း၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးလှဌေး၊ ခရိုင်ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာဝေလင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထင်ဝင်း၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးထွန်းဦး၊   ထုံးဘိုမြို့မရဲစခန်းမှ  ဒုတိယ ရဲမှူး ဦးကျော်အောင်နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ လိုက်လံစစ်ဆေး ကြကြောင်း သိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger