www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 23, 2018

ဆေးလိပ်ငွေ့ကင်းစင်နယ်မြေသတ်မှတ်ခြင်း ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဆေးလိပ်ငွေ့ကင်းစင်နယ်မြေသတ်မှတ်ခြင်း ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
-
လားရှိုး နိုဝင်ဘာ ၂၂ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ဆုတောင်းပြည့် မန်ဆူဘုရားကြီးအတွင်း ရာနှုန်းပြည့် ဆေးလိပ်ငွေ့ လုံးဝကင်းစင်နယ်မြေ သတ်မှတ်ခြင်း ဆိုင်းဘုတ်ဖွင့်ပွဲနှင့် ဟောပြောပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ဘုရားပရိဝုဏ်အတွင်း၌ ကျင်းပသည်။
-
ဆိုင်းဘုတ်ဖွင့်ပွဲကို ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူ များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးက အခမ်းအနား သို့ တက်ရောက်လာကြသူများအား ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင်နှင့် သိကောင်း စရာ အကြောင်းအရာများ ဆွေးနွေး ဟောပြောသည်။
-
''ရှမ်းပြည်နယ် အစိုးရရဲ့စီစဉ်မှုနဲ့ ဆေးလိပ်ငွေ့ ကင်းစင် ရှမ်းပြည်တစ်ခွင် ဆောင်ပုဒ်နဲ့အညီ ပထမအကြိမ် ရန်တိုင်းအောင်စေတီမှာ ကျင်းပခဲ့ပြီး အခု ဒုတိယအကြိမ် မန်ဆူ ဆုတောင်း ပြည့် စေတီတော် ပရိဝုဏ်မှာ ကျင်းပခြင်း ဖြစ်ပါတယ်။ ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေမှာ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော်ဖြစ်တဲ့ လားရှိုးမြို့မှာ ဆေးလိပ်ငွေ့ကင်းစင်တဲ့ နေရာတွေ ပေါ်ထွက်လာဖို့နဲ့ ပြည်သူလူထုကလည်း ပါဝင်ပူးပေါင်း ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ နောက်ပိုင်း စားသောက်ဆိုင်တွေမှာလည်း လာရောက် စားသောက်ကြတဲ့ မိဘတွေနဲ့ ကလေးတွေအတွက် နေရာလေး သီးသန့်ဖြစ်စေချင် ပါတယ်။ ဆေးလိပ်ငွေ့ ကင်းစင်ရှမ်းပြည် တစ်ခွင်မှာပါတဲ့ ဆိုင်းဘုတ်တွေကိုလည်း စား သောက်ဆိုင်တွေမှာ လိုက်ကပ် ပေးထားမှာပါ။ နောက်ပိုင်းမှာ စီမံချက်ရေးဆွဲပြီး အဲဒီ သတ် မှတ် ထားတဲ့နေရာတွေမှာ ဆေးလိပ်ငွေ့ မခံချင်ကြတဲ့သူတွေကို သီးသန့်နေရာ လေးဖော် ဆောင်ပေးဖို့ ဆက်လက် ဆောင်ရွက်သွားမှာပါ''ဟု မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
-
အခမ်းအနားသို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လားရှိုးမြို့နယ် စက်ဘီးစီး အသင်း အဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရ သည်။
-
(၆ဝ၈)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger