www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 23, 2018

ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ညမီးပုံးပျံပြိုင်ပွဲ လာရောက်ကြည့်ရှု သူများဖြင့် စည်ကား

ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ညမီးပုံးပျံပြိုင်ပွဲ လာရောက်ကြည့်ရှု သူများဖြင့် စည်ကား
-
ပြင်ဦးလွင်  နိုဝင်ဘာ  ၂၂
-
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်၌ နိုဝင်ဘာ ၁၉ ရက်မှ ၂၃ ရက်အထိ ကျင်းပလျက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သို့  အနယ်နယ် အရပ်ရပ်မှ လာရောက်ကြည့်ရှုသူ ဘုရားဖူးပြည်သူများ၊ ဒေသခံပြည်သူများဖြင့်  စည်ကားလျက်ရှိကြောင်း သိရသည်။
-
အဆိုပါ မီးပုံးပျံပြိုင်ပွဲတွင် နိုဝင်ဘာ ၂၁ ရက်ညက စိန်နားပန်မီးပုံးပျံ လေးလုံးနှင့် ညမီးကြီး သုံးလုံးတို့ကို အောင်မြင်စွာ လွှတ်တင် ယှဉ်ပြိုင်ခဲ့ကြသည်။
-
မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား တန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ''ညီညာလက်တွဲ ယှဉ်ကာနွှဲ၊ ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲ'' ခေါင်းစဉ်ဖြင့်  ဖိတ်ခေါ်ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ ထည့်သွင်း ပြုလုပ်သောကြောင့် အနယ်နယ် အရပ်ရပ်မှ ဓာတ်ပုံပညာရှင်များ၊ဝါသနာရှင်များကလည်း လာရောက်ရိုက်ကူးလျက် ရှိသည်။
-
ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် နေ့ရုပ်အလှ ၆၃ လုံး၊ စိန်နားပန် ၁၈ လုံးနှင့် ညမီးကြီး ၁ဝ လုံး စုစုပေါင်း ၉၁လုံး လွှတ်တင်သွားမည်ဖြစ်ကြောင်း   သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger