www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 8, 2018

စာဖတ်ရှိန်မြှင့်တင်ရေးနှင့်မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော

စာဖတ်ရှိန်မြှင့်တင်ရေးနှင့်မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော
ဒီးမော့ဆို နိုဝင်ဘာ ၇ 
-
ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်သည့် အလေ့အကျင့် ရရှိစေရန်အတွက် ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ ဆိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဒေါတမငယ် ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန် မြှင့်တင်ရေးနှင့် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။
-
ရှေးဦးစွာ ကျောင်းအုပ် ဆရာမကြီး ဒေါ်နော်ဟဲရီဦးက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဦးကြီးဒဲရယ်က စာဖတ်ရှိန် မြှင့်တင်ရေး လုပ်ငန်းနှင့် စာဖတ်သည့် အလေ့အကျင့် ရရှိစေရန် အကြောင်းတို့ကို ရှင်းလင်း ပြောကြားသည်။
-
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကြည်စိုးဟန်က မီးဘေး လုံခြုံရေး အသိပညာပေး ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနက ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ် လှူဒါန်းကြောင်း သိရသည်။
-
တောရယ်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger