www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 3, 2018

မြန်မာနိုင်ငံမှ ကယန်းတိုင်းရင်းသူ အန်တိုနီယာဝင်ရောက်ယှဉ်ပြိုင်မည့် MMA ပြိုင်ပွဲ မိတ်ဆက်ပွဲအခမ်းအနားပြုလုပ်


ဗန်ကောက် အောက်တိုဘာ ၂
-
မြန်မာနိုင်ငံမှ ကယန်းတိုင်းရင်းသူ အန်တိုနီယာ ဝင်ရောက်ယှဉ်ပြိုင် ထိုးသတ်မည့် Kingdom of Heroes အမည်ရှိ MMA ပြိုင်ပွဲ မိတ်ဆက်ပွဲအခမ်းအနားကို အောက်တိုဘာ ၁ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Central World Plaza ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
-
အဆိုပါပြိုင်ပွဲကို အောက်တိုဘာ ၆ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Impact Arena ၌ ကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် အဓိကပွဲစဉ်အဖြစ် ထိုင်းနိုင်ငံသား ဆရီဆာခနှင့် မက္ကဆီကိုနိုင်ငံသားအီရန်ဒီယက်ဇ်တို့ပွဲစဉ်၊ One 
Championship ၏ အက်တန်ဝိတ် တန်းအမျိုးသမီး ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ ထိုင်ဝမ်မှ ဟိုင်ထင်ချွန်းနှင့် ထိုင်းနိုင်ငံမှ စတမ်ဖဲတက်တို့ပွဲစဉ် အပါအဝင် တွဲဆိုင်း ၁၂ဆိုင်းယှဉ်ပြိုင်ထိုး 
သတ်မည်ဖြစ်သည်။
-
အသက် ၂၃ နှစ်ရှိ ကယန်းတိုင်းရင်းသူ အန်တိုနီယာသည် MMA ပြိုင်ပွဲတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်မြို့၌ကျင်းပခဲ့သည့် Quest For Gold ပြိုင်ပွဲတွင် တစ်နိုင်ငံတည်းသူ ရွှေစင်ကို 
ပထမအချီ ၂၄စက္ကန့်ဖြင့် အလဲထိုးကာ အနိုင်ရရှိထားသူဖြစ်ပြီး ယခုအခါ ပထမဆုံးပြည်ပပြိုင်ပွဲအဖြစ် ထိုင်းနိုင်ငံသူ ရီကာအီရှီဂေတို့နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။
-
အန်တိုနီယာနှင့် ယှဉ်ပြိုင်ထိုး သတ်မည့် ရီကာအီရှီဂေသည် MMA ကစားသမားဘဝသက်တမ်း တစ်လျှောက် နောက်ဆုံးယှဉ်ပြိုင် ထိုးသတ်ထားသည့် ငါးပွဲတွင် သုံးပွဲ အနိုင်ရရှိပြီး နှစ်ပွဲရှုံးနိမ့်ထားသူ ဖြစ်ကြောင်း သိရသည်။
-
#ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger