www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, October 13, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီး Lieutenant General Chansamone CHANYALATH မှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား သို့တက်ရောက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီး Lieutenant General Chansamone CHANYALATH မှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား သို့တက်ရောက်

နေပြည်တော်၊ အောက်တိုဘာ - ၁၂
-
လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား လာအိုအမျိုးသား ကာကွယ်ရေး ၀န်ကြီး Lieutenant General Chansamone CHANYALATH ကအောက်တိုဘာ ၁၁ ရက် ညပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ  Don Chan Palace ဟိုတယ်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံသည်။ 
-
-
အဆိုပါ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် တပ်မတော် အရာရှိကြီးများ၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကိုကိုနိုင်၊ မြန်မာ စစ်သံ (ကြည်း၊ရေ၊ လေ) ဗိုလ်မှူးကြီး ကျော်ကျော်မင်းတို့ တက်ရောက်ကြပြီး လာအို အမျိုးသား ကာကွယ်ရေး ၀န်ကြီးနှင့်အတူဇနီး Lieutenant Colonel Mrs. KHOMSONE CHANYALATH နှင့် လာအိုတပ်မတော်မှ အရာရှိကြီးများ တက်ရောက် ကြသည်။
-

ဦးစွာတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့အား လာအိုအမျိုးသား ကာကွယ်ရေး ၀န်ကြီးနှင့် ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှနှင့် လာအိုအမျိုးသား ကာကွယ်ရေး ၀န်ကြီး၏ဇနီး  Lieutenant Colonel Mrs. KHOMSONE CHANYALATH တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။
-
 

ယင်းနောက် ဂုဏ်ပြုညစာစားပွဲအား ကျင်းပပြုလုပ်ရာ လာအိုအမျိုးသား ကာကွယ်ရေး ၀န်ကြီးက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ထို့နောက် ညစာအား အတူတကွသုံးဆောင် ကြသည်။ ညစာ မသုံးဆောင်မီနှင့် သုံးဆောင် နေစဉ်အတွင်း လာအိုပြည်သူ့ တပ်မတော် ယဉ်ကျေးမှု အဖွဲ့မှ တေးသံသာများ၊ အကပဒေသာ များဖြင့် သီဆိုတီးမှုတ် ကပြဖျော်ဖြေ ကြသည်။
-

ညစာသုံးဆောင် အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က ကပြဖျော်ဖြေ ခဲ့ကြသည့် လာအို ပြည်သူ့တပ်မတော် ယဉ်ကျေးမှု အဖွဲ့အား အမှတ်တရပန်းခြင်း ပေးအပ်ပြီး စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
-  

#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger