www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 17, 2016

ခေါင်းချွေးပြန်ရောဂါ ခြေဆေးပါ



ခေါင်းချွေးပြန်ရောဂါ ခြေဆေးပါ

ကြည်မြင့်လွင် (မုဒြာ)

ဆောင်းဥတု အေးချမ်းသော ရာသီတွင် သက်သာ နေသော ခေါင်းချွေးပြန် ရောဂါ သည် နွေဥတု အကူး ရောက် လာသည် နှင့် ပြန် ထ လာတတ် သည်။ နေပူထဲထွက် လျှင် ခေါင်းချွေးရွှဲ နေသူများ၊ ညအိပ်လျှင် ခေါင်းချွေးပြန် တတ်သူများ၊ ထမင်းစား၍ အပူအစပ်များ စားမိလျှင် ချွေးထွက်လွယ် သူများ၊ လှုပ်ရှားမှု များလျှင် ချွေးထွက်လွယ် သူများ မနှစ်သက်သည့် ဥတုမျိုး ဖြစ်သည်။

အချို့ အပူကြောက်၍ အဲကွန်းခန်းဖြင့် အိပ်သူများသည် ဆောင်းဥတုတွင် ခေါင်းချွေး မထွက်ခဲ့ သော် လည်း နွေရောက် လာသည်နှင့် ခေါင်းချွေး ထွက်လာသည်။ အချို့သူများမှာ အေးစိမ့် နေအောင် အဲကွန်းဖွင့် ထားရင်း ခေါင်းချွေးများ ပြန်နေသည်ကို တွေ့ရသည်။

ဖေဖော်ဝါရီလ သည် မြန်မာလို တပို့တွဲလ ဖြစ်သည်။ နောက်တစ်လတွင် မတ်လဖြစ်ပြီး မြန်မာလို တပေါင်းလ ဖြစ်သည်။ နွေဦးပေါက်စ တပေါင်းလ ဟု စာဆိုရှိသည့် အတိုင်း နွေဦးပေါက် ရာသီ ရောက်ပြီ ဖြစ်သည်။

အအေးမှအပူ ကူးသော ရာသီတွင် အနေအထိုင် မတတ်လျှင် အပူငုပ်ပြီး နေမကောင်း ဖြစ်တတ်သည်။ ငုပ်သွားသော အပူများသည် ညဥ့်အချိန် အိပ်ချိန် ရောက်သောအခါ ခေါင်းမှ ချွေးပြန်ပြီး ပြန်ထွက်လာလေ့ ရှိသည်။

၁ဝ လသားအရွယ် ကလေးငယ်သည် အဲကွန်း အခန်းဖြင့် ညအိပ်သောအခါ တစ်ကိုယ်လုံး ချွေးစေးများ ထွက်နေသည်ဟု ဆိုသည်။ ကလေးကို ဂရုစိုက်သော မိဘများမှာ စိတ်ပူ နေကြသည်။ စာရေးသူ ထံ ဖုန်းဆက် ပြောသဖြင့် ကလေးဦးခေါင်း ပူလျှင် ခြေနှစ်ဖက်တွင် ချွေးစေးများ ထွက်တတ်သည်။ ဦးခေါင်းကို စမ်းကြည့်ပါဟု ပြောသောအခါ ကလေးဦးခေါင်းမှာ အလွန်ပူ နေကြောင်း ပြောသည်။ ကလေးငယ်များ ဦးခေါင်းပူလျှင် ခန္ဓာကိုယ် အောက်ပိုင်းတွင် ချွေးစေးများ ထွက်တတ်သည်မှာ သဘာဝပင် ဖြစ်သည်။ အအေးပတ်၍ ထိုချွေးစေးများ ငုပ်သွားလျှင် ကလေး နေမကောင်း ဖြစ်တတ်သည်။ ဦးခေါင်း အပူများသော ကလေးများ ဖျားလျှင် တက်တတ်သည်။ တစ်ခါတစ်ရံ အတွင်းတက် တက်နေလျှင် လူကြီးများက မသိဘဲ ဖြစ်နေတတ်သည်။

ထိုဦးခေါင်းပူ၍ ချွေးစေးပြန်သော ကလေးငယ် ၏ ဦးခေါင်းကို ကွမ်းရွက်မီးကင် အရည်ညှစ် ယူပြီး အုန်းဆီနှင့်ရော ငယ်ထိပ်တွင် လိမ်းနိုင်သည်။ အပူများလျှင် အုန်းဆီသည် ခဏအတွင်း ခြောက်သွား သဖြင့် ထပ်တလဲလဲ လိမ်းရပါသည်။

ချွေးစေးပြန် နေသော ကလေးငယ်၏ ခြေဖဝါးကို အိမ်သုံးဆားကို ရေနွေးဖြင့် ဖျော်ပြီး အအေးခံ၍ ခြေဖဝါး တွင် ရေဖတ်တိုက်ပွတ် ပေးသောအခါ ခြေဖဝါးမှ အပူများ ထွက်လာပြီး ချွေးစေးထွက်ခြင်း သက်သာ သွားသည့်အပြင် ခေါင်းပူရောဂါ ပါ သက်သာ သွားသည်ကို တွေ့ရသည်။ အဲကွန်းနှင့် သိပ်သော ကလေးငယ် တိုင်းကို ဤနည်းအတိုင်း တစ်ပတ်လျှင် တစ်ကြိမ်၊ နှစ်ကြိမ် ပြုလုပ်ပေး သင့်သည်။

ခေါင်းချွေး အထွက်များသော လူကြီးများသည် ညအိပ်ရာ မဝင်မီ ဒူးအထက်မှ (ပေါင်လယ်မှ) အောက် ပိုင်းသို့ ရေအေးဖြင့် ခြေဆေး ပေးခြင်းဖြင့် သက်သာစေနိုင်သည်။ ရေအေးကို ခုနစ်ခွက်၊ ၁ဝ ခွက် လောင်းဆေးပြီး ချက်ချင်းရေကို မသုတ်ဘဲ စစ်သွားမှ အဝတ်ခြောက် ဖြင့်သုတ်ပြီး ညအိပ်ရာဝင်ပါ။

ခြေထောက် နှစ်ဖက်ကို ဆားရည်ဖြင့် စိမ်ခြင်း (သို့မဟုတ်) ခြေဖဝါး နှစ်ဖက်ကို ဆားပွတ်ခြင်း၊ ဆားနင်းခြင်း နည်းလမ်း သုံးမျိုးဖြင့်လည်း ခေါင်းချွေးပြန် ရောဂါကို ကုသနိုင်သည်။ ရှေးက လူကြီးများ လည်း ဤနည်းဖြင့် ခါးနာရောဂါ၊ မျက်စိတိမ်စွဲ ရောဂါ၊ ဦးခေါင်းအပူကန် ရောဂါများ ကုသကြသည်။ ထိုသို့ ပြုလုပ်ပြီးမှ အိပ်ရာဝင်ခါနီး အချိန်တွင် ဒူးအထက်မှ အောက်သို့ ရေလောင်း ခြေဆေးခြင်းဖြင့် အပူငုပ် အပူပြန် ရောဂါများမှ ကာကွယ်နိုင်ကြောင်း တင်ပြလိုက်ရ ပါသည်။

ရတနာပုံနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger