www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 26, 2018

သံဃာ့မဟာပဝါရဏာ ရွတ်ဖတ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲပြုလုပ်

သံဃာ့မဟာပဝါရဏာ ရွတ်ဖတ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲပြုလုပ်
နေပြည်တော် အောက်တိုဘာ ၂၅
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊သံသရာအေးကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် သံဃာ့မဟာပဝါရဏာ ရွတ်ဖတ်ပူဇော်ပွဲသို့ ယနေ့နေ့လယ်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊   ဌာနဆိုင်ရာများနှင့်ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ကြပြီးသံဃာတော် ၁၈ဝ ပါးနှင့် သာသနာ့အနွယ်ဝင် သီလရှင်ဆရာလေး ၅ဝ ပါးတို့အား ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြသည်။
-


ထို့နောက် ညပိုင်းတွင် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ်ရှိ ခေမာရဌ ပြည်ငြိမ်းအေးစေတီတော်၊ ကျိုင်းတုံမြို့၊ ခေမာရဌဗျာဒိတ်ပေး ရပ်တော်မူဘုရားကြီး၊ မဟာမြတ်မုနိဘုရားကြီးနှင့် သီလဓမ္မကုန်းသာတောရကျောင်း တို့၌ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ခဲ့ကြသည်။ အလားတူ နံနက်ပိုင်းတွင်လည်း တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့၊ သီလဓမ္မကုန်း သာတောရကျောင်းတိုက် ဦးစီးပဓာန နာယက(ဝစီပိတ်)ဆရာတော် ဘဒ္ဒန္တကောဝိဒအား သွားရောက်ဖူးမြော် ကြည်ညို၍ သင်္ကန်း နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ပြီး ကျိုင်းဖောင်းချောင်းတွင် ဇီဝိတဒါနငါးလွှတ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း   သတင်းရရှိသည်။
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger