www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 11, 2018

တပ်ကုန်းမြို့နယ်၊ စစ်မှုထမ်းဟောင်းအဖွဲ့ နှစ်ပတ်လည် အစည်းအဝေး ပြုလုပ်

https://www.myawady.net.mm/media/k2/items/cache/c68cdcdb6eea07cda59238dc9937bd44_XL.jpg

နေပြည်တော် အောက်တိုဘာ ၁ဝ
-
နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ စစ်မှုထမ်းဟောင်းအဖွဲ့ နှစ်ပတ်လည် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊ အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ နေပြည်တော် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေး အဖွဲ့နာယက နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တပ်ကုန်းမြို့နယ်မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ တက်ရောက်ကြသည်။ဦးစွာ နေပြည်တော် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နာယကက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အသက် ၇၅ နှစ် အထက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မသန်စွမ်းစစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးများဖြင့်  အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းမှူးနှင့် အဖွဲ့ဝင် များက ပညာသင်စရိတ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
-
ယင်းနောက် မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌက စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအတွက် အမှတ်တရပစ္စည်းများ ပေးအပ်ပြီး အစည်းအဝေး ဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ကြသည့် အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger