www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 11, 2018

လားရှိုးမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်၊ နှစ်ပတ်လည် အစည်းအဝေးပြုလုပ်

https://www.myawady.net.mm/media/k2/items/cache/20e156e5221ed153ed429eed46187392_XL.jpg

နေပြည်တော် အောက်တိုဘာ ၁ဝ
-
လားရှိုးမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်၊ နှစ်ပတ်လည် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ နာယက အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
-
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ နှစ်ပတ်လည် အစီရင်ခံစာအား ရှင်းလင်းတင်ပြသည်။
-
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မသန်စွမ်း စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် အလှူငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
-
ဆက်လက်၍ ဖိတ်ကြားထားသော ဧည့်သည်များက နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေသည့် တပ်မတော်သားများနှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger