www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, October 13, 2018

မြန်မာ-မော်ရိုကို နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှု ထူထောင်သည့် နှစ်(၄ဝ)ပြည့် အခမ်းအနားကျင်းပ

မြန်မာ-မော်ရိုကို နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှု ထူထောင်သည့် နှစ်(၄ဝ)ပြည့် အခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၂
-
မြန်မာ-မော်ရိုကို   နှစ်နိုင်ငံအကြား သံတမန်ဆက်သွယ်မှု ထူထောင်သည့် နှစ်(၄ဝ)ပြည့်အခမ်းအနားကို ယနေ့ည ၇ နာရီတွင် နေပြည်တော်ရှိ  အမ်ဂယ်လာရီဟိုတယ်၌ ကျင်းပရာ  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ဇနီး ဒေါ်အေးသီတာတို့ တက်ရောက်ကြသည်။
-
အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က နှုတ်ခွန်းဆက် ဂုဏ်ပြု အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ မော်ရိုကို ဘုရင်နိုင်ငံသံအမတ်ကြီး မစ္စတာအက်ဘ်ဒယ်လီလာ အယ်လ်ဟိုစနီက နှုတ်ခွန်းဆက် စကားပြန်လည်ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ မော်ရိုကိုဘုရင်နိုင်ငံ သံအမတ်ကြီးနှင့် တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
-
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများသည်  မြန်မာ-မော်ရိုကို နှစ်နိုင်ငံယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။
-
ယင်းနောက်  ဧည့်ခံပွဲသို့တက်ရောက်လာကြသူများအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းခိုင်၊ ဒေါက်တာဝင်းမြတ်အေး၊  နိုင်သက်လွင်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြနှင့် ၄င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ
အကြီးအကဲများနှင့်  ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။         
-  
(သတင်းစဉ်)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger