www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, October 13, 2018

တပ်မတော်ထောက်ခံပွဲကျင်းပ

https://www.myawady.net.mm/media/k2/items/cache/120126002afb15c47fecd1e9589810db_XL.jpg

ဘူးသီးတောင် အောက်တိုဘာ ၁၂
-
ဘူးသီးတောင်-မောင်တော  စစ်မှုထမ်းဟောင်းများ မျက်နှာစုံညီတွေ့ဆုံပွဲနှင့် တပ်မတော် ထောက်ခံပွဲပြုလုပ်ခြင်းအခမ်းအနားကိုယနေ့နံနက် ၉ နာရီ ၁ဝ မိနစ်တွင် ဘူးသီးတောင်မြို့ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ် စစ်မှုထမ်းဟောင်းရုံး၌ ကျင်းပသည်။
-
ရှေးဦးစွာ  ပြည်နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးလှဖြူ(ငြိမ်း)နှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များက ရုံးရှေ့ရှိလမ်းမဘေး၌ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ ပြည်သူကိုချစ်သော   ပြည်သူကချစ်သော  တပ်မတော်အောင်မြင်ပါစေ၊ မြန်မာတပ်မတော်ကို အပြည့်အဝထောက်ခံသည်၊ မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝ ဆန့်ကျင် ရှုတ်ချသည် စသည့် စာသားများပါသော    ဆိုင်းဘုတ်များ ကိုင်ဆောင်၍   ငြိမ်းချမ်းစွာစုဝေးဆန္ဒထုတ်ဖော်ကြသည်။
-
တပ်မတော်ထောက်ခံမှုပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အတွင်းယခုအကြိမ်အပါအဝင် ၆၈ ကြိမ် စုစုပေါင်းအင်အား ၅၉၄ဝ၃၈ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် တပ်မတော်ထောက်ခံပွဲများဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။          
-
 ဖြူဖြူဝင်း
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger