www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 16, 2018

ငွေကျပ်သိန်းပေါင်း ၂၃ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင် လာသူအား ဖမ်းဆီးရမိ

ငွေကျပ်သိန်းပေါင်း ၂၃ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင် လာသူအား ဖမ်းဆီးရမိ
နေပြည်တော် အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့ နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ကျေးသီးမြို့ ၏ အရှေ့ မြောက်ဘက် ၁ဝ မိုင်ခန့်အကွာရှိ ကောင်းလန်းလမ်းဆုံ၌ မော်တော်ယာဉ်ဝင်/ထွက်မှု များအား စစ်ဆေးစဉ် အောက်တိုဘာ ၁၄ ရက် ည ၆ နာရီခန့်တွင် မိုင်းရှူးမြို့ဘက်မှ လားရှိုးမြို့ဘက်သို့ ယုံချန်(ဘ) ဦးရန်ကျန်အန် မောင်းနှင်လာသည့် NISSAN FUSO အမျိုး အစား(လိုင်စင်မဲ့) မော်တော်ယာဉ်အား စစ်ဆေးရာ ဓာတ်မြေ သြဇာ အိတ်များနှင့် ဖုံးကွယ် သယ်ဆောင်လာသည့် ဘိန်းဖြူမှုန့် ၈၉ ဒသမ၆၈ ကီလိုဂရမ်ခန့်ပါ အထုပ် ၁၁၈ ထုပ်၊ ကဖင်း ၁၅ဝဝကီလိုဂရမ် ခန့်ပါ အထုပ် ၆ဝထုပ်၊ (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေ ကျပ်သိန်းပေါင်း ၂၃ဝဝဝ ကျော်)နှင့် အတူ ဖမ်းဆီး ရမိခဲ့သည်။
-
-
အဆိုပါမူးယစ်ဆေးဝါးများ နှင့်အတူ ဖမ်းဆီးရမိသူအား တရား ဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်နိုင်ရန် လွိုင်လင်မြို့ ရှိ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger