www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 2, 2018

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အဖြစ် ကေတုမတီ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား အလှူငွေ ပေးအပ် လှူဒါန်း













နေပြည်တော် အောက်တိုဘာ ၁
-
အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား အလှူငွေ ပေးအပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဘိုးဘွားရိပ်သာ၌ ပြုလုပ်ရာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သိန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
-
ဦးစွာ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများက စေတနာရှင် အလှူရှင်များအား ကျေးဇူးတင် စကားပြောကြားသည်။ ထို့နောက် ဒုတိယ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ရိပ်သာရှိ အဘိုး ခုနစ်ဦးနှင့် အဘွား ၂၈ ဦးတို့အတွက် တိုင်းစစ်ဌာနချုပ် မိသားစုများက လှူဒါန်းသည့် အလှူငွေများကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက  လက်ခံရယူကြပြီး  ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
-
၎င်းနောက်အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယတိုင်းမှူးနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger