www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 2, 2018

အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်




နေပြည်တော်  အောက်တိုဘာ  ၁
-
အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ်၊  တိုင်းမှူးဒိုင်း  ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်အေးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။
-
ဦးစွာ ဒုတိယတိုင်းမှူးနှင့် တက်ရောက် လာကြသူများက ပြိုင်ပွဲဝင် အသင်းများ၏ ပြိုင်ပွဲအမျိုးအစားအလိုက် ဗိုလ်လုပွဲယှဉ်ပြိုင်မှုများကို ကြည့်ရှု အားပေးကြသည်။ ထို့နောက်ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆု ရရှိကြသူများ၊ အသင်းလိုက်ဆု ရရှိကြသူများနှင့် ဒိုင်းဆုရရှိသော မုံရွာတပ်နယ်အသင်းတို့အား ဒုတိယတိုင်းမှူးနှင့် အဖွဲ့ဝင်များက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ကြသည်။
-
အဆိုပါပြေးခုန်ပစ်ပြိုင်ပွဲကို   တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်းဖြင့် စက်တင်ဘာ ၂၅ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger